international news မက်ဒရစ် မြို့၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တရားတော်ဟောကြား၊ ဆင်းရဲနွမ်းပါးသူများနှင့်အတူ ဘုရားသခင်ရှိနေကြောင်း မိန့်ကြား June 8, 2026 Htet Ko PSM(NEWS) ဇွန် ၈၊၂၀၂၆ စပိန်နိုင်ငံ၊မက်ဒရစ် မြို့ရှိ အဓိကရင်ပြင်တစ်ခုအနီးတွင် တနင်္ဂနွေနေ့က လူပေါင်းတစ်သန်းကျော် စုဝေးခဲ့ကြပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ပြင်ပတရားတော်ဟောကြားခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ၎င်းသည် စပိန်နိုင်ငံသို့ တစ်ပတ်ကြာ ခရီးလှည့်လည်မည့် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း အကြီးမားဆုံးသော ပွဲတော်ဖြစ်ဖွယ်ရှိပြီး၊ ထိုပွဲတွင် ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်သည် လူ့အဖွဲ့အစည်း၏ ဆင်းရဲနွမ်းပါးသူများနှင့် စွန့်ပစ်ခံထားရသူများဘက်တွင်…
international news အီရန်တွင် ဒုံးကျည် ၂၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား June 7, 2026 Htet Ko PSM (NEWS) ဇွန် ၇၊ ၂၀၂၆ အီရန်နိုင်ငံတွင် ဒုံးကျည်လက်ကျန်မှာ ၂၁ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားလိုက်သည်။ အီရန်သည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်လျက် ဒေသတွင်းသို့ ဒုံးကျည်များစွာ ပစ်ခတ်ခဲ့ပြီးနောက် သမ္မတထရမ့်က NBC သတင်းဌာနနှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “သူတို့မှာ စွမ်းဆောင်ရည်ရှိနေပါသေးတယ်။…
international news တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်ကို ဦးတည်လျက် Patriot ဒုံးကျည်စနစ်နှင့် တန်းတူ ဒုံးကျည်သစ်များကို စတင်တပ်ဆင် June 7, 2026 Htet Ko PSM(NEWS) ဇွန် ၇၊၂၀၂၆ တရုတ်ပြည်မကြီး၏ ရှေ့တန်းတပ်ဖွဲ့များသည် ထိုင်ဝမ်ကို ဦးတည်ထားသည့် ဒုံးကျည်အသစ်များကို လက်ခံရရှိထားကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါဒုံးကျည်သည် အမေရိကန်၏ Patriot PAC2 နှင့် PAC3 ဒုံးကျည်စနစ်များနှင့် အရည်အသွေးချင်း နှိုင်းယှဉ်နိုင်သည့် HQ-16F အမျိုးအစားဖြစ်သည်ဟု ခန့်မှန်းရသည်။ သောကြာနေ့က တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် ဂိုဘီသဲကန္တာရအတွင်းအမှတ် (၇၃)…
international news လက်ဘနွန်စစ်တပ်ယာဉ်ကို အစ္စရေးတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် (၃) ဦး သေဆုံး၊ စစ်တပ်က စုံစမ်းစစ်ဆေးမှုများ စတင် June 7, 2026 Htet Ko PSM (NEWS) ဇွန် ၇၊၂၀၂၆ တောင်ပိုင်းလက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်တပ်မှ အရာရှိ (၂) ဦးနှင့် တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် လက်ဘနွန်စစ်တပ်က သတင်းထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ခြိမ်းခြောက်မှုရှိသည်ဟု ယူဆရသည့် ယာဉ်တစ်စီးကို…
international news ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသူတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး June 7, 2026 Htet Ko PSM (NEWS) ဇွန် ၇ ၊၊၂၀၂၆ ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ ၎င်းသည် လတ်တလော ဩစတြေးလျနိုင်ငံ၌ သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တတိယမြောက် ငါးမန်းကိုက်သေဆုံးမှုဖြစ်သည်။ အသက် (၃၅) နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် စနေနေ့နံနက်ပိုင်းက အယ်လ်ဘနီ မြို့အနီးရှိ မိုက်ကယ်မတ်စ်ကျွန်း အနီးတွင်…
international news အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေတပ်က အမေရိကန်စစ်သင်္ဘောများအား သတိပေးဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ် June 6, 2026 Htet Ko PSM(NEWS) ဇွန် ၆၊၂၀၂၆ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်စစ်သင်္ဘောများအား အီရန်ရေတပ်က သတိပေးဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက သောကြာနေ့တွင် ဖော်ပြသည်။ အမေရိကန်ရေတပ်အနေဖြင့် ရေကြောင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်းများပြုလုပ်နေသည်ဟု အီရန်ဘက်က စွပ်စွဲထားသည်။ ယင်းဖြစ်စဉ်မတိုင်မီက အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပိတ်ဆို့အရေးယူခံထားရသည့် နိုင်ငံမဲ့သင်္ဘော M/T DAVINA အား အမေရိကန်တပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း အမေရိကန်…
international news တောင်တရုတ်ပင်လယ် မြောက်ဘက်စွန်းတွင် ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များကြား ထပ်မံတင်းမာမှု ဖြစ်ပွား June 6, 2026 Htet Ko PSM (NEWS) ဇွန် ၆၊ ၂၀၂၆ တောင်တရုတ်ပင်လယ်၏ မြောက်ဘက်စွန်းတွင် မဟာဗျူဟာမြောက် တည်ရှိသည့် ပရာတပ်စ်ကျွန်းစု အနီး၌ ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကြား တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်အစိုးရက သောကြာနေ့တွင် ထုတ်ပြန်ပြောကြားသည်။ ယခုဖြစ်စဉ်သည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအား တရုတ်နိုင်ငံက ၎င်းတို့၏ နယ်မြေအဖြစ် ပိုင်ဆိုင်ကြောင်း ကြေညာထားသော်လည်း…
international news ဟောင်ကောင်တွင် ကျောင်းသူတစ်ဦးကို ဘတ်စ်ကားပေါ်၌ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့် အမျိုးသားတစ်ဦး အဖမ်းခံရ June 6, 2026 Htet Ko PSM(NEWS) ဇွန် ၆ ၊၂၀၂၆ ဟောင်ကောင်၊မွန်ကောက် ခရိုင်ရှိ ဘတ်စ်ကားတစ်စီးပေါ်၌ ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါဖြစ်ရပ်အား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တရားခံအား ဟောင်ကောင်-ဇူဟိုင်-မကာအို တံတား ရှိ…
international news နိုင်ငံတကာ အာကာသစခန်း (ISS) တွင်လေယိုစိမ့်မှုဖြစ်ပွားပြီး အာကာသယာဉ်မှူးများဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင် June 6, 2026 Htet Ko PSM(NEWS) ဇွန် ၆၊ ၂၀၂၆ နိုင်ငံတကာ အာကာသစခန်း (International Space Station – ISS) တွင် လေယိုစိမ့်မှု ပိုမိုဆိုးရွားလာသည့်အတွက် အာကာသယာဉ်မှူးများအား ၎င်းတို့၏ အာကာသယာဉ်အတွင်း ခိုလှုံရန်နှင့် အရေးပေါ် အခြေအနေတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြရန် အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးဌာန (NASA) က ဇွန်လ…
international news အတင်းအဓမ္မလုပ်အားပေးမှုနှင့် ပတ်သက်သည့် အမေရိကန်ကုန်သွယ်ရေးဌာန၏ ကောက်ချက်မှာ လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း ဗီယက်နမ်နိုင်ငံ ငြင်းဆို June 5, 2026 Htet Ko PSM (NEWS) ဇွန် ၅ ၊ ၂၀၂၆ ဗီယက်နမ်နိုင်ငံသည် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ခြင်းကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်ဟူသော အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) ၏ ကောက်ချက်သည် ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ သို့မဟုတ် တိကျမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ဗီယက်နမ်နိုင်ငံ၏ မူဝါဒအရ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု မည်သည့်ပုံစံကိုမဆို…