Month: June 2026

NUCC နှင့် NUG ဆွေးနွေးမှုများပြီးနောက် ဖမ်းဆီးခံထားရသည့် စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ပြန်လည်လွတ်မြောက်လာ

PSM (News) ဇွန် ၃၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ကိုင်း PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ယမန်နေ့ ဇွန် ၂၉ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ ယခုလွတ်မြောက်မှုသည် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများနှင့်…

မုံရွာတွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စီးနင်းပစ်ခတ်မှုဖြစ်ပွား၊ ပလဖအဖွဲ့ဝင်များနှင့် အရပ်သား များအပါအဝင် ၆ ဦး သေဆုံး

PSM (News) ဇွန် ၃၀ ရက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စခန်းနှင့် တိုက်နယ် (၄) ပလဖစခန်း အပါအဝင် နေရာသုံးနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင်တပ်ရင်းများက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သဖြင့် အရပ်သား နှစ်ဦးနှင့် ပလဖအဖွဲ့ဝင် သုံးဦး အပါအဝင် စုစုပေါင်း ခြောက် ဦး သေဆုံးသွားကြောင်း…

နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စောစီးစွာ နှုတ်ဆက်စေခဲ့သည့် မော်ရိုကိုအသင်း

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ ဇွန် ၂၉ ရက် ညပိုင်းက ကစားခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် မော်ရိုကိုအသင်းသည် နယ်သာလန်အသင်းနှင့် ပွဲချိန်အတွင်း ၁-၁ ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ပယ်နယ်တီ အဆုံးအဖြတ်တွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။ အဆိုပါရလဒ်ကြောင့် နယ်သာလန်အသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ အစောဆုံး ထွက်ခွာခဲ့ရသည့်…

ဘရာဇီးလ်ကို ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်မီ အသင်းများနှင့် ကွာဟချက် ကျဉ်းမြောင်းလာပြီဟု နည်းပြ မိုရိယာဆူ ပြောကြား

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ ဇွန် ၂၉ ရက်က ကစားခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ၃၂ သင်း အဆင့်တွင် ဘရာဇီးလ်အသင်းကို ၁-၂ ဂိုးဖြင့် နောက်ဆုံးမိနစ်တွင် ရှုံးနိမ့်ခဲ့ရသော်လည်း ဂျပန်အသင်းအနေဖြင့် ကမ္ဘာ့ထိပ်တန်း အသင်းကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း ဂျပန်အသင်းနည်းပြ ဟာဂျီမဲ မိုရိယာဆူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ပွဲချိန်အတွင်း…

ဒိုဟာတွင် အမေရိကန်နှင့် အီရန်တို့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်မည်

PSM (NEWS) ဇွန် ၃၀၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းသံတမန်များဖြစ်ကြသော ဂျရက်ကူရှနာ နှင့် စတိဗ်ဝစ်ကော့ဖ်တို့သည် အီရန်နိုင်ငံနှင့် ဆွေးနွေးရန်အတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ သွားရောက်ကြမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို အီရန်ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။ ယနေ့ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်၍ အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က…

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးများ AI ဝယ်လိုအား မြင့်တက်လာမှုအတွက် ဒေါ်လာ ၅၁၈ ဘီလီယံတန်ဖိုးရှိ ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနတစ်ခု တည်ဆောက်မည်

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung Electronics နှင့် SK Hynix တို့သည် ဉာဏ်ရည်တု (AI) နည်းပညာသုံး ဝယ်လိုအား မြင့်တက်လာမှုကို အသုံးချနိုင်ရန်အတွက် နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနအသစ် တည်ဆောက်ရန် ဝမ်ငွေ ၈၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၁၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင်…

အမေရိကန်-အီရန် ဆွေးနွေးပွဲများမတိုင်မီ တင်းမာမှုလျော့ပါးစေရေး ကြားဝင်စေ့စပ်သူများ ဆောင်ရွက်နေ

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ အမေရိကန်နှင့် အီရန်အကြား ရေတိုငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့များသည် လာမည့်ရက်ပိုင်းအတွင်း ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ သဘောတူညီချက်မှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။တင်းမာမှုများ လျော့ပါးစေရန်နှင့် မလိုလားအပ်သော ဖြစ်စဉ်များအား ထိန်းချုပ်နိုင်ရန်အတွက် ကြားဝင်စေ့စပ်သူများက…

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်မှ သင်္ဘော (၂) စင်း ဟောင်ကောင်သို့ ၅ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိမည်

PSM (NEWS) ဇွန်၃၀ ၊၂၀၂၆ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်မှ သင်္ဘော (၂) စင်းသည် ဟောင်ကောင်သို့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ ၅ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများအနေဖြင့် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုနိုင်ပြီး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ၊ ဟောင်ကောင်သည်…

“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုတွင် ထောက်ခံသည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့အထိ ရှိလာ

PSM(News) ဇွန် ၂၉၊ ၂၀၂၆ တော်လှန်ရေးအင်အားစုများအကြား လက်နက်အားကိုးဖြင့် ဖြေရှင်းမှုများကို တားဆီးပြီး ဘုံရန်သူ ဖြစ်သည့် စစ်အုပ်စုကိုသာ ဦးတည်တိုက်ခိုက်ရန် ရည်ရွယ်သည့် “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက် ကမ်ပိန်းတွင် ပါဝင်ထောက်ခံသည့် အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အပါအဝင် မူလတော်လှန်ရေးအဖွဲ့အစည်း…

ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးပြီး ယင်းမာပင်ခရိုင်စစ်ဌာနတစ်ခုလုံးအား တာဝန်မှရပ်ဆိုင်း

PSM(News) ဇွန် ၂၉၊ ၂၀၂၆ ‎ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၆) မှ တပ်ရင်းမှူးပုလဲမောင်(ခ)ပီတာ အသတ်ခံရမှုတွင် လူသတ်မှုကိုကျူးလွန်ရန် အားပေးအားမြှောက်ပြုခဲ့သည်ဟု သံသယရှိခြင်းခံနေရသော ခရိုင်ကွပ်ကဲ ရေးမှူး ဗိုလ်စွမ်းသူမောင်အား ဖမ်းဆီးပြီး၊ ခရိုင်စစ်ဌာနတစ်ခုလုံးကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်း လိုက်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PSM News ကို အတည်ပြုပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လ…

You missed