PSM(NEWS) ဇွန် ၆၊၂၀၂၆ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်စစ်သင်္ဘောများအား အီရန်ရေတပ်က သတိပေးဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက သောကြာနေ့တွင် ဖော်ပြသည်။ အမေရိကန်ရေတပ်အနေဖြင့် ရေကြောင်းသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်းများပြုလုပ်နေသည်ဟု အီရန်ဘက်က စွပ်စွဲထားသည်။ ယင်းဖြစ်စဉ်မတိုင်မီက အိန္ဒိယသမုဒ္ဒရာအတွင်း၌ ပိတ်ဆို့အရေးယူခံထားရသည့် နိုင်ငံမဲ့သင်္ဘော M/T DAVINA အား အမေရိကန်တပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်ကမူ “အီရန်နိုင်ငံအား ပစ္စည်းကိရိယာများ ထောက်ပံ့ပေးနေသည့် တရားမဝင်ကွန်ရက်များကို နှောင့်ယှက်ဖျက်ဆီးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု X (ယခင်တွစ်တာ) လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံက အီရန်၏ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေသလို၊ တီဟီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားနှင့် အနီးတစ်ဝိုက်ရှိ သင်္ဘောသွားလာမှုကို ခြိမ်းခြောက်ပြောဆိုမှုများရှိနေ၍ ရေကြောင်းလုံခြုံရေးနှင့် ပတ်သက်သည့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ကိုးကား-Reuters Post navigation တောင်တရုတ်ပင်လယ် မြောက်ဘက်စွန်းတွင် ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များကြား ထပ်မံတင်းမာမှု ဖြစ်ပွား ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသူတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး