PSM(NEWS)

ဇွန် ၆၊ ၂၀၂၆

နိုင်ငံတကာ အာကာသစခန်း (International Space Station – ISS) တွင် လေယိုစိမ့်မှု ပိုမိုဆိုးရွားလာသည့်အတွက် အာကာသယာဉ်မှူးများအား ၎င်းတို့၏ အာကာသယာဉ်အတွင်း ခိုလှုံရန်နှင့် အရေးပေါ် အခြေအနေတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြရန် အမျိုးသား လေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးဌာန (NASA) က ဇွန်လ (၅) ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ဘောလုံးကွင်းအရွယ်အစားခန့်ရှိသည့်ဧရာမအာကာသဓာတ်ခွဲခန်းကြီးဖြစ်သော နိုင်ငံတကာ အာကာသစခန်း (ISS) တွင် လေယိုစိမ့်မှု ဖြစ်ပွားနေခြင်းမှာ စခန်း၏ ရုရှားနိုင်ငံပိုင် အပိုင်း တွင် ပါဝင်သည့် အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သော Zvezda ဝန်ဆောင်မှု မော်ဂျူးတွင် ဖြစ်သည်။ Zvezda မော်ဂျူးသည် အာကာသစခန်းတစ်ခုလုံးအတွက် လိုအပ်သည့် အောက်စီဂျင် ထောက်ပံ့ပေးခြင်း၊ ရေပေးဝေခြင်းနှင့် ပတ်လမ်းကြောင်း ထိန်းချုပ်ခြင်းတို့အတွက် အသက်သွေးကြောသဖွယ် အရေးပါသည့် နေရာတစ်ခုဖြစ်သည်။

NASA နှင့် ရုရှားအာကာသအေဂျင်စီ Roscosmos တို့သည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းကပင် အဆိုပါ လေယိုစိမ့်မှုဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သည်။ ယခင်က လေယိုစိမ့်မှုမှာ ပမာဏအနည်းငယ်သာ ရှိခဲ့သော်လည်း၊ ယခုအခါတွင် တစ်နေ့လျှင် လေပေါင်ချိန် (၂) ပေါင်အထိ ယိုစိမ့်လာသည့်အတွက် အခြေအနေ ပိုမိုဆိုးရွားလာကြောင်း NASA တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဤအခြေအနေကြောင့် NASA ၏ Crew-12 မစ်ရှင်မှ အာကာသယာဉ်မှူး လေးဦးဖြစ်သည့် အမေရိကန် အာကာသယာဉ်မှူး နှစ်ဦး၊ ပြင်သစ် အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှား အာကာသယာဉ်မှူးတစ်ဦးတို့အား ၎င်းတို့စီးနင်းလာသည့် Crew Dragon အာကာသယာဉ်အတွင်း ဝင်ရောက်၍ အာကာသဝတ်စုံများ ဝတ်ဆင်ထားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *