Category: international news

လက်ဘနွန်တောင်ပိုင်းတွင် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

PSM(NEWS) ဇွန် ၅ ၊၂၀၂၆ လက်ဘနွန်နိုင်ငံ အရှေ့တောင်ပိုင်း၊ မာဂျာယွန်မြို့အနီးရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၏ စခန်းတစ်ခုသို့ မနေ့ညက မော်တာကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ (UNIFIL) က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ မော်တာကျည်များမှာ မည်သည့်နေရာမှ ပစ်ခတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း UNIFIL က ဆိုသည်။…

ဧဝရတ်တောင်ပေါ်တွင် အစာနှင့် အောက်ဆီဂျင်မပါဘဲ တစ်ပတ်နီးပါး ပျောက်ဆုံးနေခဲ့သည့် ရှာပါလမ်းပြတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

PSM (NEWS) ဇွန် ၅၊ ၂၀၂၆ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်တွင် အစာနှင့် အောက်ဆီဂျင် အထောက်အပံ့မပါဘဲ တစ်ပတ်နီးပါး ပျောက်ဆုံးနေခဲ့သည့် နီပေါလူမျိုး ရှာပါလမ်းပြတစ်ဦးကို အံ့ဖွယ်ကောင်းစွာ အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တောင်တက်လုပ်ငန်းတာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။ အသက် ၅၂ နှစ်အရွယ် ဒဝါရှာပါ သည် ပိုလန်နိုင်ငံသား တောင်တက်သမားတစ်ဦးနှင့်အတူ အမြင့်ပေ ၈,၈၄၉ မီတာ…

အင်ဒိုနီးရှားရေတပ်က စင်ကာပူသို့ မှောင်ခိုတင်သွင်းမည့် မြေရှားသတ္တုများကို ဖမ်းဆီးရမိ

PSM (NEWS) ဇွန် ၄၊၂၀၂၆ အင်ဒိုနီးရှားစစ်တပ်သည် ပူးပေါင်းလုပ်ငန်းအဖွဲ့တစ်ခုနှင့် အတူဇွန်လ ၃ ရက်နေ့တွင်ရီအူကျွန်းစုပင်လယ်ပြင်တွင် တရားမဝင် မြေရှားသတ္တုများ နှင့် ရေဒီယိုသတ္တိကြွ သတ္တုရိုင်း ၃၉၀ တန်ကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မှောင်ခိုသတ္တုရိုင်းများ၏ တန်ဖိုးမှာ အင်ဒိုနီးရှား ရူပီးငွေ ထရီလီယံနှင့်ချီ၍ ရှိနိုင်ပြီး အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ တန်ဖိုးရှိမည်ဟု…

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်ရေးသုံးဒရုန်းများ ဝယ်ယူရန် စီစဉ်နေ

PSM(NEWS) ဇွန် ၄၊ ၂၀၂၆ အိန္ဒိယနိုင်ငံသည် ပြည်တွင်းကုမ္ပဏီများထံမှ စစ်ရေးသုံးဒရုန်းများကို ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ဝယ်ယူရန် စီစဉ်နေကြောင်းနှင့် ၎င်းသည် အိန္ဒိယ၏ အကြီးမားဆုံးသော ဒရုန်းဝယ်ယူမှု ဖြစ်လာမည်ဖြစ်ကြောင်း စက်မှုအဖွဲ့အစည်းတစ်ခုက ပြောကြားလိုက်သည်။ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း ပဋိပက္ခများ မြင့်တက်လာခြင်းကြောင့် စစ်ရေးသုံးဒရုန်းများအပေါ် ဝယ်လိုအားမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ Drone Federation India…

တောင်ကိုရီးယားနှင့် အမေရိကန်တို့ လုံခြုံရေးဆိုင်ရာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

PSM (NEWS) ဇွန် ၄၊ ၂၀၂၆ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများကို ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ဆိုးလ်မြို့မှ သတင်းများအရ သိရသည်။ အဆိုပါဆွေးနွေးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့ သဘောတူညီခဲ့သည့် လုံခြုံရေးဆိုင်ရာ ပူးတွဲစာတမ်းအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင်…

ကူဝိတ်နိုင်ငံတကာလေဆိပ်သို့ အီရန်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့

PSM(NEWS) ဇွန် ၄၊ ၂၀၂၆ ဗုဒ္ဓဟူးနေ့တွင် ကူဝိတ်နိုင်ငံတကာလေဆိပ်ရှိ ခရီးသည်တင် ဂိတ်တစ်ခုကို အီရန်နိုင်ငံမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ်အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။ အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း နောက်ဆုံးပေါ် အရေးပါသည့် ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။ ကူဝိတ်စစ်တပ်က ယခုလေဆိပ်တိုက်ခိုက်မှုကို “အီရန်တို့၏ ရာဇဝတ်မှုမြောက်…

ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့တွင် ဝက်ဝံရူးဝင်ရောက်တိုက်ခိုက်မှုကြောင့် လူလေးဦး ဒဏ်ရာရရှိ

PSM(NEWS) ဇွန် ၃၊ ၂၀၂၆ ဂျပန်နိုင်ငံ မြောက်ပိုင်း ဖူကူရှီးမားမြို့တွင် အင်္ဂါနေ့ (ဇွန် ၂ ရက်) က ဝက်ဝံတစ်ကောင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စက်ရုံနှစ်ရုံနှင့် လူနေရပ်ကွက်အတွင်း လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ ဝက်ဝံကို မော်တော်ကားအစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး “ဝန်ထမ်းများ အကိုက်ခံရသည်” ဟု အရေးပေါ်…

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်းရန် ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ် စတင်

PSM(NEWS ) ဇွန် ၃၊၂၀၂၆ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နှစ်ရှည်လများ ဖြစ်ပွားနေသော ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၏ မဖြစ်မနေ လုပ်ဆောင်ရမည့် ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။ ယခုကဲ့သို့ လုပ်ဆောင်ချက်မှာ ထိုင်းအစိုးရက ၂၀၀၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ရေကြောင်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ပြီးခဲ့သည့်လက တစ်ဖက်သတ်…

တရုတ်နိုင်ငံတွင် မြေရှား သတ္တုကဏ္ဍတွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနေသည့် ပညာရေးစနစ်နှင့် အားသာချက်များရှိ

PSM (NEWS) ဇွန် ၃၊ ၂၀၂၆ ကမ္ဘာ့ထိပ်တန်း စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် မရှိမဖြစ်လိုအပ်သည့် မြေရှားသတ္တု ထုတ်လုပ်မှုနှင့် သန့်စင်မှုတွင် တရုတ်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်ပညာရေးနှင့် သုတေသနကဏ္ဍတို့ကို အသုံးချ၍ ကမ္ဘာ့ဈေးကွက်ကို ဆက်လက်ချုပ်ကိုင်ထားနိုင်ကြောင်း Reuters ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ကျွမ်းကျင်လုပ်သားအင်အားနှင့် ပညာရေးစနစ် တရုတ်နိုင်ငံသည် ပပေါင်းတိုမြို့ကဲ့သို့သော နေရာများတွင် မြေရှားသတ္တုဆိုင်ရာ အထူးပြုဓာတ်ခွဲခန်း…

ယူကရိန်းစစ်ပွဲ- ရုရှားနိုင်ငံက လပေါင်းများစွာအတွင်း အကြီးမားဆုံး ဒရုန်းနှင့် ဒုံးကျည်များဖြင့် ကိယက်ဗ်မြို့ကို တိုက်ခိုက်

PSM(NEWS) ဇွနိ ၃၊ ၂၀၂၆ ဇွန်လ ၂ ရက်နေ့တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရှိ အဓိကမြို့ကြီးများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကိယက်ဗ်မြို့တွင် လူနေအဆောက်အအုံနှစ်ခု ထိမှန်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လေကြောင်းရန်…

You missed