PSM(NEWS) ဇွန် ၆ ၊၂၀၂၆ ဟောင်ကောင်၊မွန်ကောက် ခရိုင်ရှိ ဘတ်စ်ကားတစ်စီးပေါ်၌ ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါဖြစ်ရပ်အား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တရားခံအား ဟောင်ကောင်-ဇူဟိုင်-မကာအို တံတား ရှိ နယ်စပ်စစ်ဆေးရေးဂိတ်တွင် ကြားဖြတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အထိပါးခံရသူမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သောကြာနေ့ မွန်းတည့်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မွန်ကောက်လမ်းနှင့် ဆိုင်ယောင်းချွိုင်လမ်းလမ်းဆုံအနီး ဘတ်စ်ကားရပ်နားစဉ်အချိန်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ၃၇ စက္ကန့်ကြာမြင့်သည့် အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် အဖြူရောင်အင်္ကျီလက်ပြတ်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ၎င်း၏ရှေ့တန်းတွင် ထိုင်နေသည့် ကျောင်းဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးငယ်၏ ရင်ဘတ်ဘေးဘက်သို့ ဘတ်စ်ကားအပေါ်ထပ်တွင် လက်လှမ်း၍ ထိပါးနေသည်ကို တွေ့ရသည်။ ထိပါးခံရသူ မိန်းကလေးငယ်မှာ ဖုန်းကြည့်နေရင်း အနည်းငယ်ရှောင်ဖယ်ရန် ကြိုးစားသည့်ဟန် ရှိသော်လည်း ထိုင်ခုံတွင်ပင် ဆက်လက်ထိုင်နေခဲ့သည်။ ကိုးကား-SCMP Post navigation နိုင်ငံတကာ အာကာသစခန်း (ISS) တွင်လေယိုစိမ့်မှုဖြစ်ပွားပြီး အာကာသယာဉ်မှူးများဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင် တောင်တရုတ်ပင်လယ် မြောက်ဘက်စွန်းတွင် ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များကြား ထပ်မံတင်းမာမှု ဖြစ်ပွား