PSM (News)

စက်တင်ဘာ ၈၊၂၀၂၆

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အနီး အိုစမက် ဒေသရှိ အလွန်ကြီးမားသော လိမ်လည်မှုဂိုဏ်းအဝန်းအဝိုင်းကြီးအတွင်း တရားမဝင် ဆောင်ရွက်နေသည့် ရဲစခန်းတုနှင့် ခွဲစိတ်ခန်း ပါဝင်သော ဆေးရုံတုတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် တွင် ထိုင်းဘုရင့်လေတပ် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ပူးတွဲသတင်းအချက်အလက်ဗဟိုဌာန (JIC) ဒါရိုက်တာ ACM Praphat Sonchaidee ဦးဆောင်သော အဖွဲသည် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ (AOT) မှ လေ့လာသူများ၊ ထိုင်းနှင့် နိုင်ငံခြားသတင်းမီဒီယာများကို ခေါ်ဆောင်၍ ဆူရင်ခရိုင်၊ ဒန်ဒေသရှိ ချောင်ချွန် အမြဲတမ်းနယ်စပ်ဂိတ် ပတ်ဝန်းကျင်သို သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးခဲ့သည့် နယ်မြေသည် ကမ္ဘောဒီးယားနိုင်ငံ၊ O’Smach အနီးတွင် တည်ရှိပြီး ဧရိယာအားဖြင့် ရိုင် ၅၀၀ ကျော် (ဟက်တာ ၈၀ ခန့်) ကျယ်ဝန်းသည်။ ထိုနယ်မြေအတွင်း အဆောက်အအုံ စုစုပေါင်း ၁၅၇ လုံး ရှိသည့်အနက် ၂၉ လုံးမှာ လိမ်လည်မှုလုပ်ငန်းများ တိုက်ရိုက်လုပ်ဆောင်သည့် အဆောက်အအုံများ ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးအဖွဲ၏ ဇုန် (A) လှည့်လည်ကြည့်ရှုမှုတွင် “Zhong Nan” အမည်ရှိ ဆေးရုံတစ်ခုကို တွေ့ရှိခဲ့ပြီး ထိုဆေးရုံမှာ လိမ်လည်မှုကွန်ရက်မှ အဆင့်မြင့် တရုတ်နိုင်ငံသား အကြီးအကဲများ နာမကျန်းဖြစ်ပါက ဆေးကုသရန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ယူဆရသည်။ သိုသော် အဆိုပါ ဆေးရုံအဆောက်အအုံအတွင်း ခွဲစိတ်ခန်းတစ်ခု ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုင်းဘုရင့်ရဲတပ်ဖွဲမှ ရရှိသော သတင်းအချက်အလက်များအရ သတ်မှတ်ထားသော စိစစ်ရေးပစ်မှတ် မပြည့်မီသည့် အလုပ်သမားများ၊ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံရပြီး သေလုမျောပါး ဖြစ်နေသည့် လိမ်လည်မှုလုပ်ငန်းခွင်မှ ဝန်ထမ်းများထံမှ ခန္ဓာကိုယ်အစိတ်အပိုင်း (ကလီစာ) များကို ထုတ်ယူရောင်းချရန်အတွက် ထိုခွဲစိတ်ခန်းကို အသုံးပြုခဲ့သည်ဟု သံသယရှိနေကြသည်။ သိုသော် လတ်တလောတွင် ဤသည်မှာ စွပ်စွဲချက်အဆင့်သာ ရှိသေးပြီး ထပ်မံစုံစမ်းစစ်ဆေးမှုများနှင့် မှုခင်းဆေးပညာဆိုင်ရာ သက်သေအထောက်အထားများ ရယူရန် လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။

ထိုအပြင် စစ်ဆေးရေးအဖွဲသည် ရဲစခန်းတစ်ခုနှင့် သဏ္ဌာန်တူအောင် တည်ဆောက်ထားသည့် နေရာသိုလည်း ရောက်ရှိခဲ့သည်။ ထိုနေရာတွင် စစ်ဆေးမေးမြန်းခန်းတုများ၊ သားကောင်များကို လှည့်ဖြားရာတွင် အသုံးပြုသည့် စာသားများအပြင် တရုတ်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဩစတြေးလျ၊ စင်ကာပူနှင့် ဗီယက်နမ် အပါအဝင် နိုင်ငံအများအပြားမှ ရဲယူနီဖောင်းများကိုပါ တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။ .

ကိုးကာ-Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed