Category: international news

ထိုင်ဝမ်၊ ဟဆင်ကျူးမြို့တွင် ဂက်စ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၂) ဦး သေဆုံး

PSM(NEWS) ဇွန် ၁၀၊ ၂၀၂၆ ထိုင်ဝမ်နိုင်ငံ၊ ဟဆင်ကျူး မြို့ရှိ လူနေအိမ်တစ်လုံးတွင် ဇွန်လ (၉)ရက်၊အင်္ဂါနေ့နံနက်အစောပိုင်းက ဂက်စ်ပေါက်ကွဲမှုဟု သံသယရှိရသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟဆင်ကျူးမြို့ မီးသတ်ဌာနက ထုတ်ပြန်လိုက်သည်။ မီးသတ်ဌာနသည် နံနက် (၃) နာရီ (၅၂) မိနစ်အချိန်တွင် ဂက်စ်ယိုစိမ့်မှုဖြစ်ပွားနေကြောင်း…

ဂျပန်နိုင်ငံ၊ ဥတ္စုနိုမိယမြို့တွင် ရက်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့သည့် ဝက်ဝံကို ဖမ်းဆီးရမိ

PSM (NEWS) ဇွန် ၁၀၊၂၀၂၆ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ မြောက်ဘက်ရှိ ဥတ္စုနိုမိယ (Utsunomiya) မြို့တွင် ရက်ပေါင်းလေးရက်ကြာ လှည့်လည်သွားလာနေခဲ့ပြီး မြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းအားလုံးကို ပိတ်ထားရသည်အထိ ဖြစ်စေခဲ့သော ဝက်ဝံကို ဇွန်လ (၉) ရက်၊ အင်္ဂါနေ့တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဝက်ဝံသည် စျေးဝယ်စင်တာ၊ တက္ကသိုလ်နှင့် လက်ကားရောင်းချသည့် စျေးတို့တွင် အကြိမ်ကြိမ်…

ကလေးငယ်များ ကိုယ်လုံးတီးပုံများ ပေးပို့ခြင်းကို တားဆီးရန် Apple နှင့် Google ကို ဗြိတိန်ဝန်ကြီးချုပ် သုံးလ နောက်ဆုံးသတ်မှတ်ချက်ပေး

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ကလေးငယ်များ၏ စမတ်ဖုန်းများတွင် ကိုယ်လုံးတီးပုံများကို ရိုက်ကူးခြင်း၊ မျှဝေခြင်း သို့မဟုတ် ကြည့်ရှုခြင်း လုံးဝမပြုလုပ်နိုင်စေရန်အတွက် Apple နှင့် Google ကုမ္ပဏီနှစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က သုံးလအတွင်း အရေးယူဆောင်ရွက်ရန် နောက်ဆုံးသတ်မှတ်ချက်ပေးလိုက်သည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စက်ပစ္စည်းများတွင် ပါဝင်ပြီးဖြစ်သော စနစ်များကို အသက်သွင်းရန်…

ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း စပိန်ပါလီမန်တွင် ပုပ်ရဟန်းမင်းကြီး လီယို သတိပေး

PSM (NEWS) ဇွန် ၉၊၂၀၂၆ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပိုမိုနက်ရှိုင်းလာသည့် နိုင်ငံရေးအရ ကွဲပြားမှုများနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုမှုများကြောင့် ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက စပိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားစဉ် သတိပေးလိုက်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၏ ဦးဆောင်မှုလမ်းကြောင်းအပေါ် မကြာသေးမီက ပိုမိုပြင်းထန်သည့် လေသံဖြင့် ဝေဖန်ပြောဆိုလာသည့် ပုပ်ရဟန်းမင်းကြီးသည် ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုကိုလည်း…

ဖင်လန်နိုင်ငံတွင် ထိုင်းနိုင်ငံသား ဘယ်ရီသီးခူးသမားများကို လူကုန်ကူးမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်အား ထောင်ဒဏ်ချမှတ်

PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ဖင်လန်နိုင်ငံရှိ တရားရုံးတစ်ခုသည် ဇွန်လ ၈ ရက် တနင်္လာနေ့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ထိုင်းနိုင်ငံသားများကို ဘယ်ရီသီးခူးရန် ဖင်လန်နိုင်ငံသို့ လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။ ဖင်လန်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း ဘယ်ရီသီးလုပ်ငန်းတွင် ရာသီအလိုက်လာရောက်လုပ်ကိုင်သူ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လာခဲ့သည်။…

သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြုံယမ်းမြို့၌ ခမ်းနားထည်ဝါစွာ ကြိုဆို

PSM(NEWS) ဇွန် ၉၊၂၀၂၆ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိလာရာ ပြုံယမ်း မြို့၌ အရောင်အသွေးစုံလင်လှပစွာဖြင့် ကြိုဆိုခဲ့ကြသည်။ လေဆိပ်သို့ ရောက်ရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးဖြစ်သူ ဖုန်လီယွမ် တို့အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူ တို့က လက်ဆွဲနှုတ်ဆက်…

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

PSM (NEWS) ဇွန် ၈ ၊ ၂၀၂၆ ယနေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ ဆာရန်ဂါနီပြည်နယ်အနီး ပင်လယ်ပြင်၌ ပြင်းအား ၇.၈ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာဌာန (PHIVOLCS-DOST) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၇ နာရီတွင် မားဆင်မြို့၏ တောင်-အနောက်တောင်ဘက်…

ဟောင်ကောင်ရောက် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူများ၏ လိမ်လည်မှုကြောင့် ငွေကြေးသန်းပေါင်းများစွာ ဆုံးရှုံး

PSM (NEWS) ဇွန် ၈၊၂၀၂၆ ဟောင်ကောင်တွင် ပညာသင်ကြားနေသည့် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦးသည် ယခုနှစ် ပထမ (၃) လအတွင်း တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေး အရာရှိများအယောင်ဆောင်ထားသည့် လိမ်လည်သူများ၏ သားကောင်ဖြစ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လိမ်လည်မှုများထဲမှ အကြီးမားဆုံး ဖြစ်ရပ်တစ်ခုတွင် ဟောင်ကောင်ဒေါ်လာ (၈) သန်းကျော် (အမေရိကန်ဒေါ်လာ…

အာမေးနီးယားနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ၊ ငြိမ်းချမ်းရေးနှင့် ရုရှားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများ အဓိကအာရုံစိုက်ခံရ

PSM (NEWS) ဇွန် ၈၊ ၂၀၂၆ အာမေးနီးယားနိုင်ငံတွင် တနင်္ဂနွေနေ့က ပါလီမန်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲသည် လွန်ခဲ့သော ၃ နှစ်က အဇာဘိုင်ဂျန်နိုင်ငံနှင့် စစ်ရေးအရ အရှုံးကြီးရှုံးခဲ့ရပြီးနောက် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို စမ်းသပ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် ကော့ကေးဆပ်တောင်ပိုင်းဒေသမှ အာမေးနီးယားနိုင်ငံ၏ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးသည်လည်း အဓိကကျလျက်ရှိသည်။ ရွေးကောက်ပွဲမတိုင်မီတွင် မော်စကိုမြို့တော်က…

အီရန်စစ်ပွဲကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အခက်အခဲများနှင့် ရင်ဆိုင်နေရ

PSM (NEWS) ဇွန် ၈၊ ၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီးနောက် (၁၄) ပတ်အကြာတွင် အမေရိကန်စစ်တပ်သည် စစ်ပွဲအပြည့်အဝ မဟုတ်သော်လည်း ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည့် ထူးခြားသော ပဋိပက္ခအခြေအနေတစ်ခုနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေရသည်။ အရှေ့အလယ်ပိုင်းရှိ သင်္ဘောများနှင့် စစ်စခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်နှင့် ရက်အနည်းငယ်ခြားတိုင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ တာဝန်ထမ်းဆောင်နေရပြီး…

You missed