PSM (News) စက်တင်ဘာ ၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်တောင်ခြမ်းရှိ တင်းတိန်းရံကျေးရွာကို အာဏာလု စစ်အုပ်စုက ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိန်စ်ဝန်းကျင်းတွင် လေကြောင်းမှ စုစုပေါင်း ၁၄ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ခြောက် ဦးနှင့် အမျိုးသမီး တစ် ဦး စုစုပေါင်း ပြည်သူ ခုနစ် ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ မုံရွာမြို့အနီးရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ပျံတက်လာသည့် ဂျိုင်ရိုကော်ပတာ သုံး စီးနှင့် Mi-35 တိုက်ခိုက်ရေး ဟယ်လီကော်ပတာ တစ် စီးတို့ဖြင့် တင်းတိန်းရံကျေးရွာအတွင်းသို့ အကြောင်းမဲ့ လာရောက်ဗုံးကြဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ-ပေးပို့ Post navigation အမှတ် (၁) စစ်ဒေသကို စတင်တည်ထောင်သူ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းအား အမြင့်ဆုံး ဂုဏ်ဆောင်ဘွဲ့ဆုချီးမြှင့်မှုအပေါ် ဂုဏ်ယူကြောင်း ထုတ်ပြန် ရွှေကူသို့ ဆန်တက်လာသည့် စစ်အုပ်စု စစ်သင်္ဘောများ လမ်းကြောင်းရှင်းရန်အတွက် မြစ်ကမ်းဘေး ရွာများကို Y-12 လေယာဉ်နှင့် စစ်သင်္ဘောများက ဗုံးကြဲ ပစ်ခတ်