PSM(NEWS)

ဇွန် ၇၊၂၀၂၆

တရုတ်ပြည်မကြီး၏ ရှေ့တန်းတပ်ဖွဲ့များသည် ထိုင်ဝမ်ကို ဦးတည်ထားသည့် ဒုံးကျည်အသစ်များကို လက်ခံရရှိထားကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါဒုံးကျည်သည် အမေရိကန်၏ Patriot PAC2 နှင့် PAC3 ဒုံးကျည်စနစ်များနှင့် အရည်အသွေးချင်း နှိုင်းယှဉ်နိုင်သည့် HQ-16F အမျိုးအစားဖြစ်သည်ဟု ခန့်မှန်းရသည်။

သောကြာနေ့က တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် ဂိုဘီသဲကန္တာရအတွင်းအမှတ် (၇၃) တပ်မတော်အုပ်စု (73rd Group Army) ၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းတပ်ဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်းစစ်ဒေသကွပ်ကဲမှုဌာနချုပ် လက်အောက်တွင်ရှိပြီး၊ ဒုံးကျည်စနစ်သစ်ကို လက်ခံရယူရန်အတွက် ဖူဂျီယန်ပြည်နယ်ရှိ ၎င်းတို့၏အခြေစိုက်စခန်းမှ ကီလိုမီတာ ထောင်ပေါင်းများစွာ ခရီးနှင်လာခဲ့ခြင်းဖြစ်သည်။

စမ်းသပ်မှုတွင် မိုဘိုင်းဒုံးကျည်လောင်ချာမှတစ်ဆင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာရှိ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း CCTV က ထုတ်ပြန်ခဲ့သည်။ ရုပ်သံမှတ်တမ်းတွင် ဒုံးကျည်သည် တောင်ပံမပါရှိဘဲ ထူးခြားသည့် လေခွင်းအားဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး၊ ပျံသန်းမှုကို ထိန်းချုပ်ရန် အမြီးပိုင်းတွင် အတောင်ပံလေးခု တပ်ဆင်ထားသည်ကို တွေ့မြင်ရသည်။

ကိုးကား-SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *