international news ထိုင်းမင်းသမီး ဘဂျရာကီတီယာဘာ ကွယ်လွန် June 13, 2026 Htet Ko PSM(NEWS) ဇွန် ၁၃ ၊၂၀၂၆ ထိုင်းနိုင်ငံ၏ မင်းသမီး ဘဂျရာကီတီယာဘာ နာရင်ဒီရာ ဒေဗီယာဗတီ (Bajrakitiyabha Narendira Debyavati) သည် အသက် ၄၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း နန်းတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ မင်းသမီးသည် နာတာရှည် ကျန်းမာရေးပြဿနာများကြောင့် လေးနှစ်နီးပါး ကိုမာ (coma) အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ မင်းသမီးသည် ၂၀၂၂…
international news မလေးရှားနိုင်ငံ၊ပါဆာဂူဒန်းမြို့တွင် ဓါတုပစ္စည်းယိုစိမ့်မှု ဖြစ်ပွား June 12, 2026 Htet Ko PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ မလေးရှားနိုင်ငံ၊ ပါဆာဂူဒန်း ရှိ စက်ရုံတစ်ရုံတွင် စက်မှုသုံးဓါတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီးနောက် လိမ္မော်ရောင်အငွေ့တန်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်မှာ စွန့်ပစ်နိုက်ထရစ်အက်ဆစ် ယများ သိုလှောင်ထားသော လီတာ ၁၀၀ ဆံ့ စက်မှုသုံးကန်မှ ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ဂျိုဟိုးမီးသတ်နှင့် ကယ်ဆယ်ရေးဌာနက…
international news ပြင်သစ်အဆိုတော် ပက်ထရစ် ဘရူးလ်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများဖြင့် တရားဝင် စုံစမ်းစစ်ဆေးနေ June 12, 2026 Htet Ko PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ ပြင်သစ်အဆိုတော်နှင့် သရုပ်ဆောင် ပက်ထရစ် ဘရူးလ်အား မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အနိုင်ကျင့်မှုတို့ဖြင့် တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း ဒေသတွင်း အစိုးရရှေ့နေရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ တရားဝင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းသည် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ခိုင်လုံသော အကြောင်းပြချက်များ…
international news တရုတ်နိုင်ငံက ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုအား ပိတ်ဆို့အရေးယူ June 12, 2026 Htet Ko PSM (NEWS) ဇွန် ၁၂၊ ၂၀၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို ဂျူနီယာ အား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံအပေါ် အမှားအယွင်းရှိသော ပြောဆိုမှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ၏ တရားဝင်အကျိုးစီးပွားများကို ထိခိုက်စေခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေခြင်းတို့ကြောင့် ၎င်းအား အရေးယူခြင်းဖြစ်ကြောင်း ဘေဂျင်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။…
international news Hengli သည် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် အနောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံများကို ရှာဖွေနေ June 12, 2026 Htet Ko PSM (NEWS) ဇွန် ၁၂၊၂၀၂၆ အမေရိကန်ပြည်ထောင်စုက အီရန်ရေနံကို ဝယ်ယူသည်ဟု စွပ်စွဲကာ ပိတ်ဆို့အရေးယူထားသည့် တရုတ်နိုင်ငံမှ Hengli Petrochemical ကုမ္ပဏီသည် အနောက်အာဖရိကမှ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော်ကို ဝယ်ယူထားပြီး အဓိကရေနံတင်ပို့သူများထံမှ နောက်ထပ်ဝယ်ယူမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ကုန်သွယ်ရေး သတင်းရင်းမြစ်များက ဆိုသည်။ ဧပြီလက ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည့်…
international news လုပ်ခလစာနှင့် အလုပ်အကိုင်လုံခြုံရေးအတွက် တောင်ကိုရီးယား ကာခါအို ကုမ္ပဏီ အလုပ်သမားသမဂ္ဂ ၄ နာရီကြာ သပိတ်မှောက် ဆန္ဒပြ June 11, 2026 Htet Ko PSM (NEWS) ဇွန် ၁၁၊ ၂၀၂၆ တောင်ကိုရီးယားနိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော Kakao မှ အလုပ်သမားသမဂ္ဂဝင်များသည် ကုမ္ပဏီ၏ အပိုဆုကြေးစနစ် ပြုပြင်ပြောင်းလဲရန်နှင့် အလုပ်အကိုင်လုံခြုံရေး အာမခံချက်ပေးရန် တောင်းဆိုသည့်အနေဖြင့် ဗုဒ္ဓဟူးနေ့က ၄ နာရီကြာ သပိတ်မှောက်ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ အနက်ရောင် တီရှပ်များ ဝတ်ဆင်ပြီး ထီးဖြူများ ဆောင်းထားကြသည့် ရာနှင့်ချီသော အလုပ်သမားများသည် နံနက်ပိုင်းတွင် ကာခါအိုရုံးခန်းအတွင်းမှ…
international news လူမှုကွန်ရက်စွဲလမ်းမှုဆိုင်ရာအမှုတွင် တရားခွင်အသစ်ပြန်လည်စစ်ဆေးပေးရန်Google နှင့် Metaတို့၏ တောင်းဆိုချက်ကို ငြင်းပယ် June 11, 2026 Htet Ko PSM (NEWS) ဇွန် ၁၁၊ ၂၀၂၆ Google၏ YouTube နှင့် Meta Platforms တို့၏ လူမှုကွန်ရက်များသည် လူငယ်လူရွယ်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိ ပုံစံထုတ်ထားကြောင်း ဂျူရီလူကြီးများက ဆုံးဖြတ်ခဲ့ပြီးနောက်၊ ကုမ္ပဏီများဘက်မှ တရားခွင်အသစ်ဖြင့် ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားမှုကို ကာလီဖိုးနီးယားပြည်နယ် တရားသူကြီးတစ်ဦးက ပယ်ချလိုက်ကြောင်း အမှုနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားသည်။ လော့စ်အိန်ဂျလိစ်…
international news Qianfan ဂြိုဟ်တုကွန်ရက် မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိသော်လည်း အရှိန်အဟုန်နှင့် ကုန်ကျစရိတ်အတွက် စိန်ခေါ်မှုများရှိနေ June 11, 2026 Htet Ko PSM (NEWS) ဇွန် ၁၁၊ ၂၀၂၆ တရုတ်နိုင်ငံ၏ Qianfan ဂြိုဟ်တုကွန်ရက်သည် ဂြိုဟ်တုပေါင်း ၂၀၀ ကျော်ကို ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ခြင်းဖြင့် နိုင်ငံအဆင့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။ သို့သော်လည်း အဆိုပါ ဂြိုဟ်တုကွန်ရက် တည်ဆောက်မှု အရှိန်အဟုန်မှာ နှေးကွေးနေပြီး ကုန်ကျစရိတ် မြင့်မားနေမှုအပေါ် စိုးရိမ်မှုများ ထွက်ပေါ်နေသည်။ အင်္ဂါနေ့၊ ပေကျင်းစံတော်ချိန် ညနေ…
international news အီရန်သည် ညှိနှိုင်းရန် အချိန်အလွန်ကြာနေသဖြင့် “ပေးဆပ်ရလိမ့်မည်” ဟု ဒေါ်နယ်ထရမ့် ပြောကြား June 11, 2026 Htet Ko PSM(NEWS) ဇွန် ၁၁၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အချိန်အလွန်ကြာမြင့်စွာ ညှိနှိုင်းနေခဲ့ပြီး ယခုအခါ “ပေးဆပ်ရလိမ့်မည်” ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် ပြောကြားလိုက်သည်။ တစ်ဖက်တွင်လည်း အီရန်ဘက်က ညတွင်းချင်း ဖြစ်ပွားခဲ့သော တုံ့ပြန်တိုက်ခိုက်မှုများအပြီး ဝါရှင်တန်နှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ပစ်မှတ်များကို…
international news ဂျိုဟိုးပြည်နယ်တွင် တိုက်ခန်း (၁၂) ထပ်မှ ကလေးနှစ်ဦး ပြုတ်ကျမှုဖြစ်ပွား၊ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး June 10, 2026 Htet Ko PSM (NEWS) ဇွန် ၁၀၊ ၂၀၂၆ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးမြို့ရှိ တိုက်ခန်းတစ်ခုတွင် ဇွန်လ (၇) ရက်၊ တနင်္ဂနွေနေ့က ကလေးငယ်နှစ်ဦး တိုက်ခန်း (၁၂) ထပ်မှ ပြုတ်ကျခဲ့သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်မှာ အခင်းဖြစ်ပွားသည့်နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရပြီး၊ သူမ၏ အစ်ကိုဖြစ်သူ…