PSM (NEWS) ဇွန် ၈၊၂၀၂၆ ဟောင်ကောင်တွင် ပညာသင်ကြားနေသည့် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦးသည် ယခုနှစ် ပထမ (၃) လအတွင်း တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေး အရာရှိများအယောင်ဆောင်ထားသည့် လိမ်လည်သူများ၏ သားကောင်ဖြစ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လိမ်လည်မှုများထဲမှ အကြီးမားဆုံး ဖြစ်ရပ်တစ်ခုတွင် ဟောင်ကောင်ဒေါ်လာ (၈) သန်းကျော် (အမေရိကန်ဒေါ်လာ ၁.၀၂ သန်းခန့်) ဆုံးရှုံးခဲ့သည်။ ကျောင်းသားများကို ပစ်မှတ်ထားသည့် အဆိုပါ လိမ်လည်မှု (၄၂) မှုတွင်၊ တက္ကသိုလ်၏ လိမ်လည်မှုတားဆီးရေးသင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း အသက် ၂၁ နှစ်အရွယ် ကျောင်းသူတစ်ဦးမှာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် စည်းရုံးခံခဲ့ရပြီးနောက် ကိုယ်တိုင် “ပြန်ပေးဆွဲခံရဟန်” ဆောင်ရန် လိမ်လည်လှည့်ဖြားခြင်း ခံခဲ့ရသည်။ ဟောင်ကောင်ရဲတပ်ဖွဲ့၏ အဆိုအရ ၂၀၂၆ ခုနှစ် ပထမ (၃) လအတွင်း ပြည်မကြီး အာဏာပိုင်များအယောင်ဆောင်၍ လိမ်လည်သည့် အစီရင်ခံစာ (၁၆၄) ခုရှိခဲ့ပြီး၊ ထိုအထဲတွင် ပြည်မကြီးမှ လာရောက်ပညာသင်ကြားသူ ကျောင်းသားများ၏ ဖြစ်ရပ်မှာ (၂၅) ရာခိုင်နှုန်းအထိ ပါဝင်နေပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ (၂၈၉) သန်းအထိ ရှိကြောင်း သိရသည်။ အကြီးမားဆုံး ကျောင်းသားလိမ်လည်မှု ဖြစ်ရပ်တစ်ခုတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြည်မကြီးမှ ရဲအရာရှိအယောင်ဆောင်သူတစ်ဦး၏ လိမ်လည်မှုကို ခံခဲ့ရသည်။ ၎င်းအမျိုးသားအား လိမ်လည်သူက လိမ်လည်မှုတစ်ခုနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲပြီး၊ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးများ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ ကျောင်းသားသည် ဘဏ်အကောင့် (၆) ခုသို့ ငွေများလွှဲပြောင်းပေးခဲ့ပြီးနောက် လိမ်လည်သူမှာ အဆက်အသွယ် ဖြတ်တောက်သွားခဲ့သည်။ ကိုးကား-SCMP Post navigation အာမေးနီးယားနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ၊ ငြိမ်းချမ်းရေးနှင့် ရုရှားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများ အဓိကအာရုံစိုက်ခံရ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်