PSM (NEWS) ဇွန် ၈ ၊ ၂၀၂၆ ယနေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ ဆာရန်ဂါနီပြည်နယ်အနီး ပင်လယ်ပြင်၌ ပြင်းအား ၇.၈ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာဌာန (PHIVOLCS-DOST) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၇ နာရီတွင် မားဆင်မြို့၏ တောင်-အနောက်တောင်ဘက် ၃၂ ကီလိုမီတာအကွာ၊ မြေအောက် ၃၃ ကီလိုမီတာအနက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဤငလျင်ကြောင့် ဂျန်နရယ် ဆန်းတို့စ်မြို့၌ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ မင်ဒါနာအိုကျွန်းတစ်ခွင်တွင် ပြင်းထန်သော တုန်ခါမှုများကို ခံစားခဲ့ရသည်။ ဆာရန်ဂါနီနှင့် ဆူလ်တန်ကူဒါရက် ကမ်းရိုးတန်းဒေသများတွင် ဆူနာမီလှိုင်းများ စတင်ဝင်ရောက်ခဲ့ပြီး၊ အာဏာပိုင်များက ကမ်းရိုးတန်းနေပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့် ပင်လယ်ကမ်းစပ်များကို ရှောင်ရှားရန် သတိပေးထားသည်။ လက်ရှိတွင် ကယ်ဆယ်ရေးနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်လျက်ရှိသည်။ ကိုးကား-Khaosod Post navigation ဟောင်ကောင်ရောက် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူများ၏ လိမ်လည်မှုကြောင့် ငွေကြေးသန်းပေါင်းများစွာ ဆုံးရှုံး