PSM (NEWS) ဇွန် ၈၊ ၂၀၂၆ အာမေးနီးယားနိုင်ငံတွင် တနင်္ဂနွေနေ့က ပါလီမန်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲသည် လွန်ခဲ့သော ၃ နှစ်က အဇာဘိုင်ဂျန်နိုင်ငံနှင့် စစ်ရေးအရ အရှုံးကြီးရှုံးခဲ့ရပြီးနောက် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို စမ်းသပ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် ကော့ကေးဆပ်တောင်ပိုင်းဒေသမှ အာမေးနီးယားနိုင်ငံ၏ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးသည်လည်း အဓိကကျလျက်ရှိသည်။ ရွေးကောက်ပွဲမတိုင်မီတွင် မော်စကိုမြို့တော်က အာမေးနီးယား၏ ပို့ကုန်များကို ကန့်သတ်ခြင်း၊ စျေးသက်သာသော ရေနံနှင့် သဘာဝဓာတ်ငွေ့များ ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခြင်းတို့ဖြင့် ယေရီဗန်မြို့တော်အပေါ် စီးပွားရေးအရ ဖိအားများ တိုးမြှင့်ပေးခဲ့သည်။ ဝန်ကြီးချုပ် နီကိုးလ် ဖာရှီညန် ဦးဆောင်သည့် အာဏာရ “Civil Contract” ပါတီသည် ၂၀၁၈ ခုနှစ်တွင် အာဏာရယူပြီးနောက်ပိုင်း အာမေးနီးယားနိုင်ငံကို အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်လာစေရန် လုပ်ဆောင်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင် ရုရှားလိုလားသော အတိုက်အခံပါတီ (၃) ခုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို စစ်တမ်းများအရ Civil Contract ပါတီက မဲဆန္ဒရှင် ၃၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ရုရှားလိုလားသော “Strong Armenia” ပါတီက ၁၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဝန်ကြီးချုပ် ဖာရှီညန်အတွက် အောင်ပွဲခံနိုင်ခြင်းသည် အဇာဘိုင်ဂျန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဆုံးသတ်ရန်နှင့် အဇာဘိုင်ဂျန်၏ အဓိကမဟာမိတ်ဖြစ်သည့် တူရကီနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် လုပ်ပိုင်ခွင့်ကို ရရှိစေမည် ဖြစ်သည်။ ကိုးကား-Reuters Post navigation အီရန်စစ်ပွဲကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အခက်အခဲများနှင့် ရင်ဆိုင်နေရ ဟောင်ကောင်ရောက် တရုတ်ပြည်မကြီးမှ ကျောင်းသား (၄၂) ဦး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူများ၏ လိမ်လည်မှုကြောင့် ငွေကြေးသန်းပေါင်းများစွာ ဆုံးရှုံး