Category: daily-news

ရွှေကူတွင် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

‎ PSM(News) ဩဂုတ် ၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း၌ အာဏာလုစစ်အုပ်စု စစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာလုစစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ရွှေကူမြို့နှင့် တစ်မိုင်ကျော်အကွာ ရွှေကူ – စင်းခန်း လမ်းပေါ်ရှိ ငါးဘတ် ကြီးကျေး ရွာ၌ အင်အား ၈၀ ခန့်ဖြင့်…

တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီအကာအကွယ်ပေးမှုကို ရုပ်သိမ်းရန် ဒေါ်နယ်ထရန့် အစိုးရအဖွဲ့အား အမေရိကန်တရားသူကြီးများ ခွင့်ပြု

PSM(News) ဩဂုတ် ၉၊၂၀၂၆ တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ လူပေါင်းထောင်နှင့်ချီ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိစေခဲ့သည့် ယာယီအကာအကွယ်ပေးမှု(TPS)ကို ရုပ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့အား ဖက်ဒရယ်တရားသူကြီး နှစ်ဦးက သောကြာနေ့တွင် လမ်းဖွင့်ပေးလိုက်သည်။ ဘော့စတန်နှင့် ချီကာဂိုမြို့တို့ရှိ တရားသူကြီးများက ဟေတီနှင့် ဆီးရီးယားနိုင်ငံသားများအတွက် အလားတူအကာအကွယ်ပေးမှုများကို အဆုံးသတ်ရန် ဇွန်လအတွင်းက အမေရိကန်တရားရုံးချုပ်က ခွင့်ပြုပေးခဲ့ပြီးနောက် အဆိုပါနိုင်ငံနှစ်နိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့်…

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ၃၈ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့်မြောက် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ” အထိမ်းအမှတ်အဖြစ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ဦးဆောင်၍ လူစည်ကားရာ နေရာများတွင် လူထုလှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို ညီညွတ်စွာ တွန်းလှန်ခဲ့ကြသည့်…

စစ်ကိုင်းတွင် မိုးသည်းထန်ပြီး ဆည်ရေများ စိုးရိမ်မှတ်ကျော်လွန်၊ ကျေးရွာ ၁၅၀ ကျော် ရေနစ်မြုပ်ပြီး ၆ ဦး သေဆုံး

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်တာတမံများမှ ရေပိုဖိတ်စင်ခြင်းနှင့် မူးမြစ်ရေ လျှံတက်ခြင်းတို့ကြောင့် မြို့နယ် ကိုး မြို့နယ်ရှိ ကျေးရွာပေါင်း ၁၅၀ ကျော် ရေနစ်မြုပ်လျက်ရှိပြီး ပြည်သူ ခြောက် ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHAREM)က ထုတ်ပြန်ထားသည်။ လက်ရှိတွင်…

စစ်ကိုင်းတွင် (၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ပြုလုပ်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့နယ် လူထုတိုက်ပွဲရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု (Photo Campaign) ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုတွင် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး၏…

(၃၈) နှစ်ပြည့် ၈၈၈၈ အထိမ်းအမှတ် အနီရောင် ထီးသပိတ်များကို ပြည်တွင်း/ပြည်ပ တော်လှန်ရေး အင်အားစုများ တစ်ပြိုင်နက်တည်း ဖော်ဆောင်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ စစ်မြေပြင်နယ်မြေများ၊ မြို့ကြီးများနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ ပူးပေါင်း၍ “၈” သင်္ကေတပါ အနီရောင် ထီးသပိတ် လှုပ်ရှားမှုများကို တစ်ပြိုင်နက် တည်း ဖော်ဆောင်ခဲ့ကြသည်။…

(၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့တွင် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်မည်ဟု EU နှင့် အနောက် နိုင်ငံ သံရုံးများ ထုတ်ပြန်

PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံး၊ ဗြိတိန်သံရုံး၊ နော်ဝေသံရုံးနှင့် ဂျာမနီသံရုံးတို့က သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့ကြပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ကြိုးပမ်းမှုကို ဆက်လက် ထောက်ခံသွားမည်ဟု…

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တောင်းဆို

PSM(News) ဩဂုတ် ၈၊၂၀၂၆ မြန်မာနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် မစ္စတာ အာနိုး ဒီ ဘက်ခ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဩဂုတ်လ ၇ ရက်နေ့စွဲဖြင့်…

မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အား တက္ကသိုလ်ကျောင်းသားများ ပူးတွဲကန့်ကွက်ကာ လွှတ်တော်အတွင်း၌လည်း အမတ်တစ်ဦး ဆန္ဒပြတောင်းဆို

PSM(News) ဩဂုတ် ၈၊၂၀၂၆ အာဏာလုသမ္မတမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့် လွှတ်တော်သို့ လာရောက်သည့် အစီအစဉ်ကို ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လွှတ်တော်အမတ်တစ်ဦးတို့က ပြင်းထန်စွာကန့်ကွက်လိုက်သည်။ ချူလာလောင်ကွန်းတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်နှင့် ကာဇက်ဆက် တက္ကသိုလ် တို့မှ ကျောင်းသားအဖွဲ့အစည်း ၁၉ ခုက မြန်မာနိုင်ငံ၏ အာဏာလုသမ္မတအား ထိုင်းအစိုးရက တရားဝင်လက်ခံတွေ့ဆုံခြင်းသည် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။ မင်းအောင်လှိုင်၏ ၂၀၂၁…

ဖြူဖြူကျော်သိန်းနှင့် R ဇာနည် တို့၏ ပထမဆုံး စုံတွဲဂီတဖျော်ဖြေပွဲ နယူးယောက်မြို့၌ ကျင်းပမည်

PSM(News) ဩဂုတ် ၇၊၂၀၂၆ အဆိုတော် ဖြူဖြူကျော်သိန်းနှင့် အဆိုတော် R ဇာနည် တို့ ပူးပေါင်းတင်ဆက်မည့် First Duet Concert ဂီတဖျော်ဖြေပွဲကို လာမည့် စက်တင်ဘာ ၁၂ရက် တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း NYC Burmese Music Concertထံက သိရသည်။ အဆိုပါ ဖျော်ဖြေပွဲသည် တေးသံရှင် ဖြူဖြူကျော်သိန်း၏…