PSM (News)

ဩဂုတ် ၈၊ ၂၀၂၆

ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့်မြောက် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ” အထိမ်းအမှတ်အဖြစ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ဦးဆောင်၍ လူစည်ကားရာ နေရာများတွင် လူထုလှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို ညီညွတ်စွာ တွန်းလှန်ခဲ့ကြသည့် သမိုင်းဝင် ရှစ်လေးလုံးနေ့ကို ပြည်သူလူထု အောက်မေ့ သတိရစေရန်နှင့် စစ်အာရှင်စနစ် လုံးဝချုပ် ငြိမ်းသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်

By Htet Ko