Category: daily-news

လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းအပါအဝင် တိုင်းနှင့်ပြည်နယ် အများစုတွင် မိုးကြီးနေမည်၊ မြစ်ရေကြီးမှုနှင့် လှိုင်းကြီးအန္တရာယ် သတိပေး

PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသော အနောက်တောင်မုတ်သုံလေတို့ကြောင့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ အပါအဝင် ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြစ်ရေကြီးမှုနှင့် ပင်လယ်ပြင် လှိုင်းကြီးအန္တရာယ် သတိထားရန် လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့မိုးလေဝသဌာနများ၏ မိုးလေဝသခန့်မှန်းမော်ဒယ်များအရ သိရသည်။ မွန်၊ ကရင်၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် မိုးများရာမှ မိုးအလွန်များနိုင်ပြီး…

စလင်းတွင် ပကဖ ရဲမေတစ်ဦး အဖမ်းခံရပြီးနောက် ကျေးရွာများကို အာဏာလု စစ်တပ် ဗုံးကြဲ၊ ထောက်ပို့နှင့် ကွင်းဆက်များ သတိထားရန်လိုအပ်

PSM(News) ဩဂုတ် ၁၂၊ ၂၀၂၆ ‎ မကွေးတိုင်း၊ စလင်းမြို့၌ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လက်အောက်ခံ ရဲမေတစ်ဦး အာဏာလု စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အနီးဝန်းကျင် ကျေးရွာများကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေသဖြင့် အဆိုပါ ရဲမေနှင့် ဆက်သွယ်ဖူးသူများ၊ ထောက်ပို့ ကွင်းဆက်များ အထူးသတိထားကြရန် စစ်ရေးသတင်းရင်းမြစ်က PSM…

ညောင်ဦးနှင့် မြစ်ခြေတို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဗိုလ်မှူးနှင့် ပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦး သေဆုံးကြောင်း ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန်

PSM(News) ဩဂုတ် ၁၁၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အစပ်တို့တွင် ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း ပျူစောထီး ခေါင်းဆောင်တစ်ဦးနှင့် အာဏာလုစစ်တပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စုစုပေါင်း သုံး ဦး သေဆုံးခဲ့ ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၁…

ပလက်ဝမြို့ကို အာဏာလုစစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ ၁၃ နှစ်အရွယ် ကျောင်းသူ အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၁၁ ၊ ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြို့အဝင်ဆိုင်းဘုတ်အနီးကို အာဏာလုစစ်တပ်က ယနေ့နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ဦး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထံမှ သိရသည်။ အာဏာလုစစ်တပ်သည် ယနေ့ ဩဂုတ်…

အမှန်တရားဘက် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်ပေးဆပ်ရမည့်အချိန် ရောက်လာမည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ က စစ်အုပ်စု ဒေါက်တိုင်များကို သတိပေး

PSM (News) ဩဂုတ် ၁၁၊ ၂၀၂၆ စစ်အာဏာရှင်စနစ် ခိုင်မြဲစေရန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူများအနေဖြင့် ယနေ့မှစ၍ ရပ်တန့်ကာ အမှန်တရားဘက်တွင် ရပ်တည်ကြရန်နှင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့် ကာလရောက်ရှိလာမည်ဖြစ်ကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြော ကြားခဲ့သည်။ ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့က ကျရောက်သည့် (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့…

KNLA တပ်ရင်း (၉) ထံသို့ အာဏာလုစစ်အုပ်စု၏ တပ်ရင်းများမှ စစ်သား ၄ ဦး လက်နက်နှင့်အတူ အလင်းဝင်

PSM (News) ဩဂုတ် ၁၁၊ ၂၀၂၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်(ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်) အတွင်းရှိ အာဏာလုစစ်အုပ်စု၏ တပ်ရင်းများမှ ပြည်သူ့စစ်မှုထမ်း စစ်သား လေး ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) က ထုတ်ပြန်သည်။ ကျောက်ကြီးမြို့နယ်အတွင်း အခြေစိုက်သည့် အာဏာလုစစ်တပ်၏ ခလရ-၆၀…

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးအလွန်သည်းထန်ဦးမည်၊ မြစ်ရေများ ထပ်မံမြင့်တက်နိုင်ပြီး မြစ်ရေကြီးမှုနှင့် တောင်ပြိုအန္တရာယ် ဂရုပြုရန် အထူးလိုအပ်

PSM (News) ဩဂုတ် ၁၁ ၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် မနက်ဖြန် ဩဂုတ် ၁၂ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲအားကောင်းလာနိုင်ပြီး အဆိုပါ အရှိန်ကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးအလွန် သည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ထုတ်ပြန်ချက်နှင့် မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်များအရ…

စစ်ကိုင်းတိုင်း ရေဘေးသင့် ပြည်သူသောင်းပေါင်းများစွာအတွက် NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း

PSM(News) ဩဂုတ် ၁၀ ၊ ၂၀၂၆ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ် ၁၀ ခုထက်မက မကြာသေးမီက ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေအမြောက်အမြား ရေနစ်မြုပ်ကာ ပြည်သူသောင်းပေါင်းများစွာ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) တို့ ပူးပေါင်း၍ “အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC)”…

ဇာတ်မင်းသားကြီး မိုးမင်းနှင့် အနုပညာရှင်များ၏ အဝေးရောက် နတ်မင်းများ ဖျော်ဖြေပွဲ လာမည့် စက် တင်ဘာတွင် ကျင်းပမည်

PSM (News) သြဂုတ် ၁၀၊ ၂၀၂၆ မင်းသားကြီး မိုးမင်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မည့် “အဝေးရောက် နတ်မင်းများ” ဂီတနှင့် သရော်ပြဇာတ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ Bay Area တွင် လာမည့် စက်တင်ဘာ ၁၂ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း The Distance Cafe နှင့် မင်းသား ကြီး မိုးမင်းတို့၏ လူမှုကွန်ရက်…

ခင်ဦးနှင့် ဒီပဲယင်းတွင် ဒေသခံ ၅၀,၀၀၀ ကျော်‎ရေဘေးသင့်နေပြီး ၈ ဦးသေဆုံးကာ အရေးပေါ်‎အကူအညီများလိုအပ်နေ

‎PSM(News) သြဂုတ် ၁၀၊ ၂၀၂၆ ‎စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ဒီပဲယင်းမြို့‎နယ်တို့၌ ဒေသခံ ၅၀,၀၀၀ ကျော် ရေ‌ဘေးသင့် ‎နေပြီး ရေဘေးကြောင့် အရပ်သား ရှစ် ဦးသေဆုံး‎ကာ အရေးပေါ်အကူအညီများလည်းလို အပ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်‎များထံမှ သိရသည်။ ‎မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေမြင့်‎တက်လာခြင်း၊ ဆည်များမှ ရေပိုများကို ဖောက်‎ချခြင်းတို့ကြောင့် ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊‎ကျွန်းလှ၊ ရေဦး၊ ဝက်လက်၊…