Category: daily-news

မိုးသည်းထန်စွာရွာသွန်းနေ၍ ကောလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်များအပါအဝင် ရွာပေါင်း ၁၀၀ ကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရ

PSM(News) ဩဂုတ် ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ အတွင်း ရေလျှံတက်ကာ ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး စစ်ဘေးဒုက္ခသည် ၅,၀၀၀ ကျော်နေထိုင်ရာ တဲအိမ်များ ရေမြုပ်ပျက်စီးသွားသဖြင့် အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၅…

မဟာဗျူဟာထိုးစစ် သို့ တက်လှမ်းနိုင်ရေးနှင့် EROs မဟာမိတ်များနှင့် ပိုမိုပူးပေါင်း စစ်ဆင်နိုင်ရေး PDF တပ်မှူးကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်

PSM(News) ဩဂုတ် ၇၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်မှူးကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် “ပြည်သူ့ခုခံတွန်းလှန်စစ်” မှသည် “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်း နိုင်ရေးနှင့် မဟာမိတ်…

ဒေါ်အောင်ဆန်းစုကြည်ထံ ICRC ဝင်ရောက်တွေ့ဆုံမှုကို အမေရိကန် ကြိုဆို၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆို

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ အာဏာလု စစ်အုပ်စု၏ မတရား ဖမ်းဆီးခြင်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။ ယခုတွေ့ဆုံမှုသည်…

လုံခြုံရေး တင်းကျပ်ထားသည့် ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ရန်ကုန်လူထုသပိတ်နှင့် BEM တို့ ‘မြန်မာပြည် သွေးမြေကျနေပြီ’ ဘန်နာချိတ်ဆွဲ၍ အာဏာလု သမ္မတ၏ ခရီးစဉ်ကို ကန့်ကွက်

PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် BTS ဘူတာအနီး မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်တွင် “Myanmar is bleeding. No handshakes with a brutal dictator” (မြန်မာနိုင်ငံတွင် သွေးထွက်သံယိုဖြစ်နေသည်၊ ရက်စက်သည့် စစ်အာဏာရှင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုရ) ဟူသော စာတန်းပါ ဘန်နာကို…

မြန်မာနိုင်ငံနှင့် ဆွေးနွေးရာတွင် လူ့အခွင့်အရေးကို ဦးစားပေးရန် ထိုင်းနိုင်ငံကို Amnesty International တိုက်တွန်း

PSM(News) ဩဂုတ်၇ ၊၂၀၂၆ အာဏာလုသမ္မတ မင်းအောင်လှိုင်၏ သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့ ခရီးစဉ်အတွင်း လူ့အခွင့်အရေး၊ အရပ်သားများ ကာကွယ်ရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အဓိကထား ဆွေးနွေးကြရန် Amnesty Internationalက ထိုင်းအစိုးရကို တိုက်တွန်းလိုက်သည်။ သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ပြုလုပ်မည့် မြန်မာအာဏာလုသမ္မတ မင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း…

ဆိုက်ဘာငွေလိမ် ကျားဖြန့်လုပ်ငန်းများ၏ အဓိက ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုဖြစ်၍ မိတ်ဖက် အဖြစ် မသတ်မှတ်ဘဲ စစ်တပ်ကို ဖျက်သိမ်းရမည်ဟု JFM ထုတ်ပြန်

PSM(News) ဩဂုတ် ၆၊ ၂၀၂၆ မြန်မာနိုင်ငံအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို ထိခိုက်ဆုံးရှုံးစေသည့် ဆိုက်ဘာငွေလိမ် (ကျားဖြန့်) လုပ်ငန်းကြီးများ ကြီးထွားပြန့်ပွားနေရခြင်း၏ အရင်းခံ ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုပင် ဖြစ်သဖြင့် ၎င်းတို့ကို မိတ်ဖက်အဖြစ် သတ်မှတ်၍မရဘဲ အာဏာလု စစ်တပ်နှင့် ပြည်သူ့စစ်များကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း Justice For Myanmar (JFM) က ယနေ့…

အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ထိုင်းနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်း လုပ်သား များ UN ရုံးရှေ့တွင် ဆန္ဒပြ၊ ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးဖျက်ဆီးရန် တောင်းဆို

မောင်မောင်ကဲ/PSM(News) ဩဂုတ် ၆၊ ၂၀၂၆ ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် အာဏာလု သမ္မတ မင်းအောင်လှိုင်ကို ကန့်ကွက်ဆန့်ကျင်သည့် အနေဖြင့် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသူ River and…

ရှေးဟောင်းမြို့တော် မြောက်ဦးကို အာဏာလု စစ်တပ်က ညအချိန် လေယာဉ်အုပ်စုလိုက်သုံး၍ ဗုံးအလုံး ၃၀ ကျော် ကြဲချ၊ စစ်ဘေးနှင့် ရေဘေးရှောင်များ ထိခိုက်ဒဏ်ရာရ

PSM (News) ဩဂုတ် ၆၊ ၂၀၂၆ စစ်ကိုင်းနှင့် ရခိုင် စစ်မျက်နှာများတွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးမြို့ကို ဩဂုတ်လ ၄ ရက် ညပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် အုပ်စုလိုက်သုံး၍ တစ်နာရီကျော်ကြာ ဗုံးအလုံးရေ ၃၀ ကျော် မရပ်မနား…

အသက်အန္တရာယ် စိုးရိမ်ရပါက မြန်မာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်မဟုတ်

PSM (News) ဩဂုတ် ၆၊၂၀၂၆ မလေးရှားနိုင်ငံသည် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိကြောင်း တွေ့ရှိရပါက မြန်မာနိုင်ငံသား ဒုက္ခသည် (၅,၀၀၀) ကို ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စီစဉ်ထားသော လွှဲပြောင်းမှုမတိုင်မီ ဒုက္ခသည်များကို စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က…

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုကို ကြိုဆိုသော်လည်း အာဏာလု စစ်အုပ်စု တရားဝင်မှုရရေး အသုံးချခွင့်မပြုရန် NUG သတိပေး

PSM(News) ဩဂုတ် ၅၊ ၂၀၂၆ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုသော်လည်း အဆိုပါတွေ့ဆုံမှုကို အာဏာလု စစ်အုပ်စုက နိုင်ငံရေးအရ တရားဝင်မှုရရှိရေး အသုံးချခွင့် မပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။…