PSM (News) စက်တင်ဘာ ၆၊၂၀၂၆ မြန်မာနိုင်ငံ၏ စစ်ကိုင်းပြတ်ရွေ့ကြော တောင်ပိုင်းအစွန်းသည် နှစ် ၁၀၀ လျှင် တစ်ကြိမ်ပြန်ဖြစ်တတ်သည့် ကာလစက်ဝိုင်း ကုန်ဆုံးခါနီးဖြစ်လာနေခြင်းကြောင့် ဘန်ကောက်မြို့အနေဖြင့် အလွန်ပြင်းထန်နိုင်သည့် မြေငလျင်အန္တရာယ်နှင့် ရင်ဆိုင်လာရတော့မည်ဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အင်ဂျင်နီယာပညာရှင်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။ Thammasatတက္ကသိုလ်၊တွင် ကျင်းပပြုလုပ်ခဲ့သော ဘက်စုံဆွေးနွေးပွဲတစ်ခုတွင် သုတေသီများက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါပြတ်ရွေ့ကြောသည် လွန်ခဲ့သော နှစ် ၉၀ ကျော်က ရာမ ၇ မင်းလက်ထက်တွင် နောက်ဆုံး လှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် နှစ် ၁၀၀ လျှင် တစ်ကြိမ်ပြန်ဖြစ်တတ်သည့် ကာလစက်ဝိုင်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ယခင်ဖြစ်ရပ်များနှင့်မတူဘဲ ယခုဖြစ်လာနိုင်သည့် မြေငလျင်ဗဟိုချက်သည် မြို့တော်ဘန်ကောက်နှင့် ပိုမိုနီးကပ်လာနိုင်ပြီး၊ မြို့ပြ၏ နူးညံ့ပျော့ပျောင်းသော မြေဆီလွှာပုံစံကြောင့် မြေငလျင်လှုပ်ခတ်မှု၏ တုန်ခါအားကို ၃ ဆမှ ၆ ဆအထိ ပိုမိုအားကောင်းစေကာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ သို့သော် ဂျပန်နိုင်ငံ ကူမိုတိုမြို့ငလျင်နှင့် မန္တလေးအနီး ဖြစ်ပွားခဲ့သော ငလျင်တို့၏ သက်သေပြချက်များအရ မြေငလျင်ပြင်းအား သက်ရောက်မှုထက် မြို့ပြအဆောက်အအုံများ၏ ခိုင်ခံ့မှုနှင့် ကြိုတင်ပြင်ဆင်မှုသည်သာ အဓိကဆုံးဖြတ်ချက်ဖြစ်ကြောင်း Thammasatတက္ကသိုလ်၊ အင်ဂျင်နီယာဌာနမှ ပါမောက္ခ Prof. Dr. Nakhorn Poovarodomက အလေးပေးပြောကြားခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် အဓိကငလျင်ဒဏ်များကို ခံနိုင်ရည်ရှိမည့် အင်ဂျင်နီယာဆိုင်ရာ စံနှုန်းများနှင့် ဒီဇိုင်းသုတေသနများ ရှိပြီးသားဖြစ်သော်လည်း၊ တရားဝင်ဥပဒေစည်းမျဉ်းများနှင့် လက်တွေ့မြေပြင်တွင် လိုက်နာကျင့်သုံးမှုတို့အကြား အန္တရာယ်များသော ကွာဟချက်တစ်ခု ကျန်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ထို့ကြောင့် အဆင့်မြင့်နည်းပညာအခြေပြု ကြိုတင်သတိပေးစနစ်များကို အရေးပေါ်အကောင်အထည်ဖော်ရန် ပညာရှင်များက တိုက်တွန်းထားကြသည်။ ကိုးကား- The Nation Thailand Post navigation ကနီမြို့နယ်မြောက်ပိုင်းကို နမခ မှ တက်လာသည့် ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်၊ သာသနိက အဆောက်အအုံနှင့် ကျေးရွာခန်းမ ပျက်စီး ဧရာဝတီမြစ်ကူး စင်းခန်းတံတားကို စစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ခြင်းမရှိ၍ လေကြောင်းမှ ဗုံးကြဲဖျက်ဆီး