PSM(News)

ဩဂုတ် ၇၊၂၀၂၆

အဆိုတော် ဖြူဖြူကျော်သိန်းနှင့် အဆိုတော် R ဇာနည် တို့ ပူးပေါင်းတင်ဆက်မည့် First Duet Concert ဂီတဖျော်ဖြေပွဲကို လာမည့် စက်တင်ဘာ ၁၂ရက် တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း NYC Burmese Music Concertထံက သိရသည်။

အဆိုပါ ဖျော်ဖြေပွဲသည် တေးသံရှင် ဖြူဖြူကျော်သိန်း၏ အမေရိကန်ခရီးစဉ်အတွင်း ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး အမေရိကန်၌ ရောက်ရှိနေသည့် တေးသံရှင် R ဇာနည်နှင့်အတူ ၎င်းတို့နှစ်ဦး၏ ဂီတသက်တမ်းတစ်လျှောက် ပြည်တွင်း၊ ပြည်ပ၌ ပထမဆုံးအကြိမ် ပူးပေါင်းဖျော်ဖြေမည့် စုံတွဲပွဲ ဖြစ်သည်။

ဂီတဖျော်ဖြေပွဲကို နယူးယောက်မြို့၊ Long Island City ရှိ LaGuardia Community College တွင် ကျင်းပမည်ဖြစ်ပြီး ယခုခရီးစဉ်အတွင်း နယူးယောက်မြို့တစ်မြို့တည်း၌ တစ်ပွဲတည်းသာ သီးသန့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

လက်မှတ် စတင်ရောင်းချမည့် နေ့ရက်၊ အချိန်နှင့် ဈေးနှုန်း အသေးစိတ်ကို မကြာမီ ထပ်မံထုတ်ပြန် ကြေညာသွားမည်ဖြစ်ကာ သတ်မှတ်ထားသည့် တရားဝင် အွန်လိုင်းစနစ်များမှသော်လည်းကောင်း၊ လက်မှတ်ကိုယ်စားလှယ် (Ticket Agents) များထံ ဖုန်းဆက်၍လည်းကောင်း လွယ်ကူစွာ ဝယ်ယူ နိုင်ကြောင်း သိရသည်။

By Htet Ko