PSM (News) စက်တင်ဘာ ၆၊၂၀၂၆ နီပေါနိုင်ငံတွင် ဆိုးရွားပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် ဆယ်ရက်အကြာ စနေနေ့က သီးခြားစီ လုပ်ဆောင်ခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း ကယ်ဆယ်ရေးသမားများသည် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို အသက်ရှင်လျက် ဆယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ရုံး၏ ဖော်ပြချက်အရ အဆိုပါအမျိုးသားကို ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထရီရှူလီ ရေအားလျှပ်စစ်စီမံကိန်းမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ စုစုပေါင်း သုံးဦးအထိ ရှိလာပြီဖြစ်သည်။ နီပေါစစ်တပ်နှင့် တောင်ကိုရီးယား ဘေးအန္တရာယ်ကျွမ်းကျင်သူများက မီတာ ၂၂၅ ရှည်လျားသော ဥမင်အတွင်းမှ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ နီပေါနိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၂ ခုတွင် အလုပ်သမား ၉၀၀ ခန့် ပျောက်ဆုံးနေပြီး ၅၀၀ ခန့်မှာ ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည်ဟု ယူဆရကာ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ အထူးပြုကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများနှင့် ဥမင်များအတွင်း အသက်ရှင်ကျန်ရစ်သူများကို အဓိကထား ရှာဖွေလျက်ရှိကြသည်။ ထို့အပြင် ရေဘေးသင့်နူဝါကို့တ်(Nuwakot) မြို့တွင်လည်း စနေနေ့က အမျိုးသမီးတစ်ဦးကို နေအိမ်တစ်လုံးအတွင်းမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က အတည်ပြုခဲ့ပြီး ၎င်းအား ဆေးကုသမှုခံယူရန် ခတ္တမန္တူသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေ-ကာပီယို ခြိမ်းခြောက်မှုစွဲချက်ဖြင့်ဖမ်းဝရမ်းထုတ်ခံရအာမခံဖြင့် လွတ်မြောက် အမေရိကန်ရေတပ်သင်္ဘောနှစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အီရန်ရေနံတင်သင်္ဘော သုံးစင်းကို အမေရိကန် တိုက်ခိုက်ဖျက်ဆီး