Month: August 2026

တောင်သာ ဝဲလောင်ရွာ၌ အထိုင်ချထားသည့် စစ်အုပ်စုစစ်ကြောင်း တိုက်ခိုက်ံရပြီး တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

PSM(NEWS) ဩဂုတ် ၃၁၊ ၂၀၂၆ ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် အထိုင်ချရပ်နားထားသည့် စစ်အုပ်စုစစ်ကြောင်းကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF)၊ ဧရာမမ လက်နက်ကြီးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ၄ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင်…

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် အာရှ၏ နိုဘယ်ဆုအဖြစ် တင်စားသည့် ရေမွန်မက်ဆေးဆေးဆု ချီးမြှင့်ခံရ

PSM(News) ဩဂုတ် ၃၁၊ ၂၀၂၆ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပူးတွဲတည်ထောင်သူနှင့် တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဘိုကြည်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation မှ ပေးအပ်သည့် ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၃၁…

မင်းတုန်းတွင် တပ်ပြေး ၅ ဦးကိုတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ

PSM(News) သြဂုတ် ၃၁၊ ၂၀၂၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှနေ၍ စစ်အုပ်စုစစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်ပြေး ငါး ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း သရက်ခရိုင် တပ်ရင်း (၄) မှ ကိုမြတ် က PSM ကို ‌ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့က မင်းတုန်းမြို့အတွင်းသို့ စစ်အင်အား ၂၀၀၀…

မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်တွင် ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှုကြောင့် လူ ခုနစ်ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေ

PSM News ဩဂုတ် ၃၁၊ ၂၀၂၆ မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်တွင် တနင်္ဂနွေနေ့က ခရီးသည်တင် ကာတာမာရန် (catamaran) သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ခုနစ်ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ကျီရီးနီးယား (Kyrenia) ဆိပ်ကမ်းမှ နေ့လယ် ၁၂ နာရီခွဲခန့်က ထွက်ခွာလာခဲ့သည့် ဖီလိုဂျက် (FILOJET) သင်္ဘောသည်…

နီပေါနိုင်ငံတွင် ရေဘေးသင့်ခဲ့သည့် ရွာသူရွာသားများ အမှတ်တရပစ္စည်းများကို ရှာဖွေရန် ပျက်စီးသွားသည့် နေအိမ်များဆီသို့ ပြန်လည်ရောက်ရှိလာ

PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ နီပေါနိုင်ငံတွင် ရေနှင့် အမှိုက်များ ရုန်းထွက်စီးဆင်းခဲ့သည့် ရေဘေးသင့်ဒဏ်ကို ခံခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာတွင် အသက်ရှင်ကျန်ရစ်သူများသည် ရွှံ့ညွန်များနှင့် အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားခဲ့သည့် ၎င်းတို့၏ ရွာများဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။ ၎င်းတို့ပိုင်ဆိုင်သည့်ပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့သည့် ဘဝအမှတ်တရ အပိုင်းအစများကို လိုက်လံရှာဖွေလျက်ရှိသည်။ တရုတ်-နီပေါနယ်စပ်တွင် ရေခဲတောင်ပြိုကျမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း…

ဆွစ်ဇာလန်နိုင်ငံ အာရာဝ်မြို့ရှိ ရေဗ်ပါတီပွဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိ

PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ ဆွစ်ဇာလန်နိုင်ငံ အာရာဝ် (Aarau) မြို့ရှိ ရေဗ် (Rave) ပါတီပွဲတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားသူ (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံကို လိုက်လံရှာဖွေလျက်ရှိကြောင်း ဒေသန္တရရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအားလုံးသည်…

အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးအီရန်ခေါင်းဆောင်သစ်တိုက်တွန်း

PSM (News) ဩဂုတ် ၃၁၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီက ပင်လယ်ကွေ့ဒေသတွင်း ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ “စစ်မှန်သောရန်သူ” ကို ရင်ဆိုင်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ရက်သတ္တပတ်အတွင်း ရေးသားပေးပို့ခဲ့သည့် ယင်းသဝဏ်လွှာတွင် ၎င်းက မွတ်ဆလင်အချင်းချင်း သွေးကွဲမှုများသည် ရန်သူများ၏ အကျိုးစီးပွားကိုသာ အထောက်အကူဖြစ်စေကြောင်းနှင့် ပါလက်စတိုင်းလူမျိုးများ…

ရေး-ထားဝယ် လမ်းမကြီးတွင် အာဏာလု စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံး

PSM(News) ဩဂုတ် ၃၀၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း နယ် မြေလုံခြုံရေး အကြောင်းပြ၍ စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ယမန်နေ့ ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။…

ဗန်းမော်သို့ ဆန်တက်သည့် ထောက်ပို့သင်္ဘော ၁ စင်း မီးလောင်ပျက်စီးကာ ၁၆ ဦး သေဆုံး၊ စစ်ကူလာသည့် တပ်မ ၉၉ စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း သေဆုံး

PSM (News) ဩဂုတ် ၃၀၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာလု စစ်တပ်၏ ထောက်ပို့သင်္ဘော တစ်စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ သင်္ဘော မီးလောင်ပျက်စီးပြီး တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့သည့်အပြင် စစ်ကူလာသည့် တပ်မ (၉၉) စစ်ကြောင်းမှူး ဗိုလ်မှူးလည်း တိုက်ပွဲအတွင်း…

ရုရှားက အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယားသယ်ဆောင်နိုင်သော ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်

PSM (News) ဩဂုတ် ၃၀၊၂၀၂၆ ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနိုင်စွမ်းရှိသည့် နူကလီးယားသယ်ဆောင်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ စမ်းသပ်မှုသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် မော်စကိုမြို့သို့ လာရောက်ပြီး NATOအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ဆောင်ရန်သတိပေးခဲ့ပြီးနောက်…