PSM (News) စက်တင်ဘာ ၆၊၂၀၂၆ အမေရိကန်စစ်သင်္ဘော နှစ်စင်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံ၏ အဓိက ရေနံတင်ပို့ရာ ကျွန်းဖြစ်သည့် ခါ့ဂ်ကျွန်းကမ်းလွန်ဒေသရှိ ရေနံတင်သင်္ဘောတစ်စင်းအပါအဝင် အီရန်ရေနံတင်သင်္ဘော သုံးစင်းကို စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားလိုက်သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်ရေတပ်သင်္ဘော နှစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ဆိုသည်။ “အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို မှာကြားလိုတာကတော့ ရှင်းပါတယ်၊ ကျွန်ုပ်တို့ရဲ့ သင်္ဘောနှစ်စင်းကို ပစ်ခတ်ခဲ့မယ်ဆိုရင် သင့်တို့ဘက်က သင်္ဘောသုံးစင်းကို ဖျက်ဆီးပစ်မယ့် ပိုမိုကြီးမားတဲ့ စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေကို ကျွန်ုပ်တို့ ဖန်တီးသွားမှာဖြစ်ပါတယ်” ဟု အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူပါ က ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘောတစ်စင်းတို့သည် ရန်စမှုမရှိဘဲ အီရန်၏ တိုက်ခိုက်မှုအများအပြားကို ရှောင်တိမ်းနိုင်ခဲ့ကြပြီး အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးတစ်လေမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း စနေနေ့က ထုတ်ပြန်ခဲ့သည့် စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရန်ရေနံတင်သင်္ဘော နှစ်စင်းမှာ အပြီးအပိုင် ပျက်စီးသွားခဲ့ပြီး ကုန်တင်ဆောင်ထားခြင်းမရှိသည့် တတိယမြောက်သင်္ဘောမှာမူ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေနံတင်သင်္ဘောများသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ငွေကြေးထောက်ပံ့မှုကို အထောက်အကူပြုနေသည့် လျှို့ဝှက်ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရန်၏ တစ်ပိုင်းတရားဝင် သတင်းဌာနတစ်ခုဖြစ်သည့် တာစနင် (Tasnim) ကမူ ခါ့ဂ်ကျွန်း ဆိပ်ကမ်းဝန်းကျင်ရှိ ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်ဒုံးကျည် လေးစင်း လာရောက်ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လူထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကား၍ တာစနင်သတင်းဌာနက ဆိုသည်။ ကိုးကား -The Independent Post navigation နီပေါရေဘေး – ၁၀ ရက်အကြာ ဥမင်လိုဏ်ခေါင်းအတွင်းမှ တရုတ်နိုင်ငံသားနှင့် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့