PSM (News)

ဩဂုတ် ၈၊ ၂၀၂၆

ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့နယ် လူထုတိုက်ပွဲရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု (Photo Campaign) ဖော်ဆောင်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုတွင် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး၏ အမွေအနှစ်နှင့် ဒီမိုကရေစီ တိုက်ပွဲဝင် စိတ်ဓာတ်များသည် ယနေ့ နွေဦးတော်လှန်ရေးအထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်းနှင့် အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။

By Htet Ko