PSM (News)

သြဂုတ် ၁၀၊ ၂၀၂၆

မင်းသားကြီး မိုးမင်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မည့် “အဝေးရောက် နတ်မင်းများ” ဂီတနှင့် သရော်ပြဇာတ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ Bay Area တွင် လာမည့် စက်တင်ဘာ ၁၂ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း The Distance Cafe နှင့် မင်းသား ကြီး မိုးမင်းတို့၏ လူမှုကွန်ရက် ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အဝေးရောက် နတ်မင်းများဂီတနှင့် သရော်ပြဇာတ်ပွဲကို လာမည့် စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီ မှ ည ၉နာရီ အထိ HUSD (Performing Arts Center), 2390 Panama St, Hayward, CA 94545တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတွင် ဝါရင့်ဇာတ်မင်းသားကြီး မိုးမင်းနှင့် အဆိုတော် ရန်ရန်ချမ်း၊ Cobra၊ လင်းထက်၊ DJ ဝိုင်း၊ ကျော်သီဟ၊ Leo၊ Russell၊ Mark Jason၊ အိန်ဂျယ်လမုံအပြင် အဆိုတော် တူးတူး၊ ဇယံဓ နှင့် အေးအေးခိုင်တို့က အထူးဧည့်သည်တော်အဖြစ်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ပွဲမှာ ပုံမှန် အငြိမ့်ပြက်လုံး ပုံစံမျိုး မဟုတ်ဘဲ အဆိုတော်များပါ မင်းသားကြီး မိုးမင်းနှင့်အတူ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည့် သရော်ဟာသပြဇာတ်နှင့် ဂီတဖျော် ဖြေမှုများကို တပေါင်းတည်း ကြည့်ရှုရမည် ဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည်ခဲ့ပြီး မြန်မာ့ဇာတ်သဘင်လောကတွင် နှစ်ပေါင်းများစွာ စံချိန်တင် ကျင်လည်ခဲ့သည့် မင်းသားကြီး မိုးမင်း၏ အက အခုန်၊ ကကြိုးကကွက်များကို အနီးကပ် ခံစားရမည်ဖြစ်သဖြင့် လက်မှတ်များကို အမြန်ဆုံး ကြို တင်ဝယ်ယူထားကြရန် ပွဲစီစဉ်သူများက ဖိတ်ခေါ်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *