Category: daily-news

ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်လာသည့် စစ်အုပ်စု၏ တပ်မ-၆၆ နှင့် AA တပ်ဖွဲ့ဝင်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး လက်နက်နှင့် အလောင်းများ သိမ်းဆည်းရမိ

PSM (News) ဩဂုတ် ၁၄၊ ၂၀၂၆ အာဏာလု စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ရခိုင်-ဧရာဝတီ နယ်စပ်အစပ်တွင် လေကြောင်း၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး အများအပြားသုံးကာ အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။ ထိုသို့ထိုးစစ်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော် (AA) က တန်ပြန်ထိုးစစ်ဖြင့် တိုက်ထုတ် ခဲ့ရာအထိ အခိုက်များစွာဖြင့် တပ်လန်ဆုတ်ခွာသွားပြီး…

ဂွ၊ သံတွဲနှင့် ဆမီးမြို့တို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ကျောင်းသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ

PSM (News ဩဂုတ် ၁၃၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့အပါအဝင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို အာဏာလုစစ်အုပ်စုက ဂျက်တိုက်လေယာဉ်များဖြင့် ညအချိန် အဓိကထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သား သေဆုံးသူ ၁၇ ဦးအထိ ရှိလာကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဩဂုတ် ၁၃…

ရန်ကုန်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေသူ ၅၄ ဦးတွေ့ရှိပြီး သက်ကြီးပိုင်း ၁ ဦး သေဆုံး၊ လမ်းဘေးအစားအစာ ရောင်းချမှုနှင့် ၁၉ လမ်း ဆိုင်များ ပိတ်ခိုင်း

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ ရန်ကုန်မြို့လယ် မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ကာလဝမ်း) ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာဦးရေ ၁၈၀ ကျော်အထိ မြင့်တက် လာနေပြီး အသက် (၉၂) နှစ်အရွယ် သက်ကြီးပိုင်း လူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာလု စစ်အုပ်စု၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်…

သဖန်းဆိပ်ဆည်ရေ ထပ်မံထုတ်လွှတ်သဖြင့် မူးမြစ်ဘေးနေ ပြည်သူများ အရေးပေါ် ရွှေ့ပြောင်းကြရန် သတိပေး၊ ရေကြီးမှုကြောင့် တိုင်းနှင့်ယူနစ် ၄ ခုတွင် လူ ၂၅ ဦး သေဆုံးထား

PSM(News) ဩဂုတ် ၁၃ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်သည် ကန်ရေပြည့်မှတ် ၅၄၅ ပေအထက် ၅၄၅.၇၅ ပေသို့ ရောက်ရှိနေသဖြင့် ဆည်ကြံ့ခိုင်မှုအတွက်ဟုဆိုကာ အာဏာလု စစ်အုပ်စု၏ ဆည်မြောင်းဌာနက ယနေ့ ဩဂုတ် ၁၃ ရက်တွင် ရေလွှတ်နှုန်း ၆၇,၇၀၉ ကျူဆက်အထိ တိုးမြှင့် ဖောက်ထုတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖောက်ထုတ်လိုက်သည့်…

ကုလသမဂ္ဂ က စစ်တပ်၏ ရာဇဝတ်မှုများကို သက်သေတွေ့ရှိထားပြီး ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ကို အသိအမှတ်မပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်တောင်းဆို

မောင်မောင်ကဲ/PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ မြန်မာစစ်တပ်က ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် သက်သေအထောက်အထားများကို ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။ ထို့ကြောင့် အာဏာလုသမ္မတ မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက် တရားဝင်အသိအမှတ်မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်) က ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုလိုက်သည်။ “မေမေဟာ…

မုန်တိုင်းငယ်အရှိန်ကြောင့် ရက်ဆက်၍ မိုးကြီးနေဦးမည်၊ မြစ်ရေကြီး မှုနှင့်အတူ ပင်လယ်ပြင်လှိုင်းအလွန်ကြီးမည့် အန္တရာယ် သတိပေး

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်း ငယ်အဖြစ်သို့ အားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ် အတွင်းသို့ ဦးတည် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်နှင့် အားလွန်ကောင်းနေသော မုတ်သုံလေစီးကြောင်းများကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးရက်ဆက် ရွာသွန်းပြီး ဒေသအလိုက် မိုးအလွန်ကြီးနိုင်ကြောင်း အိန္ဒိယ…

မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့် ဒေသတွင်း ဝေဖန်မှုများအကြား ရလဒ်မပေါ်သည့် သံတမန်ရေး

PSM (News) ဩဂုတ် ၁၃၊၂၀၂၆ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချိန်ညှိထားသော ဆက်ဆံရေးမူဝါဒနှင့် နေပြည်တော်အပေါ် သံတမန်ရေးအရ အားပေးဆောင်ရွက်မှုများသည် ပြည်တွင်းနှင့် ဒေသတွင်း ပြင်းထန်သောဝေဖန်မှုများကို ရင်ဆိုင်နေရသည်။ ထို့အပြင်ထိုင်းနိုင်ငံ၏မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင်မူ သိသာထင်ရှားသော အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း နိုင်ငံရေးသုံးသပ်ချက်များက ဖော်ပြနေပါသည်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်သည် မြန်မာနိုင်ငံ၏ အာဏာလုသမ္မတ မင်းအောင်လှိုင်ကို…

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဖော်ထုတ်

PSM (News) ဩဂုတ် ၁၃၊ ၂၀၂၆ မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ဩဂုတ်လ၁၁ရက်နေ့ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ…

စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေဖောက်ချ၍ လူ ၂၄ ဦး သေဆုံးပြီး ၂ သိန်းကျော် ရေဘေးသင့်၊ တစ်နိုင်ငံလုံးတွင် ရေဘေးသင့်သူ ၄ သိန်းခွဲကျော်ရှိလာ

PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်းမှ အာဏာလု စစ်တပ်က ရေဖောက်ချ ခဲ့မှုကြောင့် ဆည်အောက်ပိုင်း အညာဒေသ မြို့နယ် ၁၁ ခုတွင် ကျေးရွာပေါင်း ၂၀၀ ကျော် ရေလွှမ်းမိုးခံရပြီး အရပ်သား ၂၄ ဦး သေဆုံးကာ ၂၁၃,၇၂၅ ဦး ရေဘေးသင့်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ…

တီမောသမ္မတ၏ ဖိတ်ကြားချက်ဖြင့် NUG စေလွှတ်သည့် မြန်မာအားကစားအဖွဲ့ ဒီလီမာရသွန် ပြိုင်ပွဲတွင် ပထမဆုရ၊ တီမောသမ္မတနှင့် သီးသန့်တွေ့ဆုံ

PSM (News) ဩဂုတ် ၁၂၊ ၂၀၂၆ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ၏ တရားဝင်ဖိတ် ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စေလွှတ်လိုက်သည့် မြန်မာ အားကစား ကိုယ်စား လှယ်အဖွဲ့သည် တီမောနိုင်ငံတွင် ကျင်းပသည့် “ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ” ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအပြေးသမားက ပထမနေရာ ရရှိခဲ့သည့်အပြင်…