Month: June 2026

အမေရိကန်နှင့် အီရန်တို့ ၂၄ နာရီအတွင်းပဏာမငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း ကြားဝင်စေ့စပ်ပေးသည့် ပါကစ္စတန် ပြောကြား

PSM (NEWS) ဇွန် ၁၄၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် သုံးလကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက် မူဘောင်တစ်ရပ်ကို သဘောတူညီခဲ့ကြပြီး လာမည့် ၂၄ နာရီအတွင်း ပဏာမစာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း စစ်ပွဲတွင် ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က စနေနေ့တွင် ပြောကြားလိုက်သည်။ သဘောတူညီချက်အကျဉ်းချုပ် တွင်ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရန်နှင့် အမေရိကန်၏…

လောင်းလုံးမြို့နယ်ပေါ်ရှိ အစိုးရရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မြို့ပြစစ်ဆင်ရေးဆင်နွှဲ

PSM(News) ဇွန် ၁၃ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ပေါ်ရှိ အစိုးရရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မြို့ပြ စစ်ဆင်ရေးဆင်နွှဲခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ လောင်းလုံးမြို့လယ်ရှိ မြို့နယ်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး (ထစရ)၊ စစ်ဘက် ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးနှင့် လဝက ရုံးများတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု တပ်သားများကို ပြီးခဲ့သည့်…

စစ်တပ်ပိုင် Mytel TV360 Facebook စာမျက်နှာကို Meta ဖယ်ရှား

PSM(News) ဇွန် ၁၃ ၊ ၂၀၂၆ စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှု ကြော်ငြာစာမျက်နှာဖြစ်သည့် TV360 Facebook စာမျက်နှာကို Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta မှ တရားဝင် ဖြစ်ကြောင်း Justice For Myanmar (JFM)အဖွဲ့ထံက သိရသည်။ အဆိုပါ Mytel TV360 Facebook…

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက်သတ်၍ အလောင်းကို အပိုင်းပိုင်းဖြတ် ထွက်ပြေးသွားသည့် တရားခံအောင်ပြည့်ကို ဟင်္သာတ၌ ဖမ်းဆီးရမိ

PSM(News) ဇွန် ၁၃ ၊ ၂၀၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံကို ယနေ့ ဇွန်လ ၁၃ ရက် နံနက် ပိုင်းက ၎င်း၏ဇာတိ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများနှင့် ရဲ သတင်း ရင်းမြစ်များထံမှ သိရသည်။…

တရုတ်နိုင်ငံ၏ သဲကန္တာရဒေသများတွင် “အလွန်အမင်း ပြင်းထန်သည့် ရေကြီးမှုများ” ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

PSM (NEWS) ဇွန် ၁၃၊ ၂၀၂၆ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဒေသနှင့် အနီးတစ်ဝိုက်ရှိ ရပ်ရွာလူထုအနေဖြင့် ယခုနှစ် နွေရာသီတွင် အပူချိန် အလွန်အမင်း မြင့်တက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် “အလွန်အမင်း ပြင်းထန်သည့် ရေကြီးမှုများ” အတွက် ကြိုတင်ပြင်ဆင်ထားရန် တရုတ်အာဏာပိုင်များက သောကြာနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံးသဲကန္တာရဖြစ်သည့်…

ရွှေ့ပြောင်းနေထိုင်သူများသည် ကိန်းဂဏန်းများမဟုတ်၊ လူသားများသာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြား

PSM (NEWS) ဇွန် ၁၃၊ ၂၀၂၆ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ဥရောပသို့ အန္တရာယ်များသော အတ္တလန်တစ်သမုဒ္ဒရာဖြတ်ကျော် ခရီးစဉ်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် တွေ့ဆုံခဲ့သည်။ စပိန်နိုင်ငံ ဂရန်ကာနရီယာသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ဇွန်လ ၁၁ ရက်နေ့တွင် မိန့်ခွန်းပြောကြားရာ၌ ရွှေ့ပြောင်းနေထိုင်သူများသည် “ကိန်းဂဏန်းများ သို့မဟုတ် ဖိုင်တွဲများ မဟုတ်ဘဲ…

စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအား ဒရုန်းဖြင့် ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ဒဏ်ငွေဆောင်ရ

PSM(NEWS) ဇွန် ၁၃ ၊ ၂၀၂၆ စင်ကာပူနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးထားသည့် နယ်မြေများဖြစ်သော SAFTI စစ်ဘက်ဆိုင်ရာ အင်စတီကျုနှင့် ပါဆာလာဘာ (Pasir Laba) စခန်းတို့အား ဒရုန်းဖြင့် ခွင့်ပြုချက်မရှိဘဲ ပျံသန်းရိုက်ကူးခဲ့သည့် ထိုင်းနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးကို စင်ကာပူတရားရုံးက ဒေါ်လာ ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ခန့်) ဒဏ်ငွေရိုက်ခဲ့ကြောင်း သိရသည်။ အသက်…

ထိုင်းမင်းသမီး ဘဂျရာကီတီယာဘာ ကွယ်လွန်

PSM(NEWS) ဇွန် ၁၃ ၊၂၀၂၆ ထိုင်းနိုင်ငံ၏ မင်းသမီး ဘဂျရာကီတီယာဘာ နာရင်ဒီရာ ဒေဗီယာဗတီ (Bajrakitiyabha Narendira Debyavati) သည် အသက် ၄၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း နန်းတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ မင်းသမီးသည် နာတာရှည် ကျန်းမာရေးပြဿနာများကြောင့် လေးနှစ်နီးပါး ကိုမာ (coma) အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ မင်းသမီးသည် ၂၀၂၂…

အာဏာလုသမ္မတ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပြီးတွင် တရုတ်က ချက်ချင်းလှမ်းခေါ်

PSM(News) ဇွန် ၁၂၊ ၂၀၂၆ အာဏာလုယူထားပြီး သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ လာမည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၂ ရက်တွင် ကြေညာသည်။ ယနေ့ ဇွန် ၁၂ ရက်နေ့ သောကြာနေ့တွင်…

အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်အုပ်စုကို ဆက်လက်အရေးယူရန် ဆုံးဖြတ်

PSM(News) ဇွန် ၁၂၊ ၂၀၂၆ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၏ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး” တစ်ရပ်ကို သီးသန့်ကျင်းပခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု၏ ချိုးဖောက်မှုများအပေါ် အနီးကပ်စောင့်ကြည့် အရေးယူမည့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ…

You missed