Month: June 2026

ငါန်းဇွန်တွင် ဘီယာဆိုင်မှပြန်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊

PSM(News) ဇွန် ၂၊၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်တွင် တပ်စွဲထားသော အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြိုတင်ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ လေ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မြို့သာစက်မှုဇုန်အတွင်း တပ်စွဲထားသော…

စစ်အုပ်စုက အရပ်သားကုန်ကားများကို ဒိုင်းလုပ်၍ မပခ သို့ စစ်ကူနှင့် လေယာဉ်ဆီများ ပို့ဆောင်၊ မြေရှားသတ္တုထွက်ရာ မြို့နယ် ၅ ခုကို ရက် ၁၀၀ အတွင်း ပြန်သိမ်းရန် စစ်ပြင်နေဟု KIA ပြော

PSM(News) ဇွန် ၂၊ ၂၀၂၆ ကချင်ပြည်နယ်အတွင်း လျှော့ပါးသွားသည့် စစ်ရေးအင်အားနှင့် အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် စစ်အုပ်စုသည် အရပ်သားကုန်တင်ကားများကို လူသားဒိုင်းအဖြစ် ၎င်းတို့ယာဉ်တန်းအတွင်း ကြားညှပ်ကာ မန္တလေးနှင့် ကသာမြို့တို့မှတစ်ဆင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ စစ်ကားအစီးရေ ၂၀၀ ခန့် ထပ်မံပို့ဆောင်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ သိရသည်။ အဆိုပါ ကားအစီးရေ…

You missed