Month: June 2026

အမေရိကန်-အီရန် ဆွေးနွေးပွဲများသည် သဘောတူညီချက်ကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း တူရကီပြောကြား

PSM (NEWS) ဇွန် ၁၆၊ ၂၀၂၆ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်သည် အီရန်နှင့် အမေရိကန်တို့ စစ်ပွဲကို ရပ်တန့်ရန် သဘောတူညီချက်ရရှိပြီးနောက်၊ နောက်ထပ်ပြုလုပ်မည့် ဆွေးနွေးပွဲများမှ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း တူရကီသံတမန်ရေးရာ အရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။တနင်္လာနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အရတ်ချီ နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီး ဖီဒန်က…

အောက်ခြေမှ အသိအမှတ်ပြုသည့် အုပ်ချုပ်ရေးဖြင့် “ကော်သူးလေကရင်ပြည်” ထူထောင်မည်ဟု KNU ဥက္ကဋ္ဌ ကြေညာ

PSM(News) ဇွန် ၁၅၊ ၂၀၂၆ ကရင်အမျိုးသားများ လိုလားတောင့်တနေသည့် “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် သူတစ်ပါးထံမှ တောင်းခံနေမည်မဟုတ်ဘဲ အောက်ခြေပြည်သူလူထုကိုယ်တိုင် နယ်မြေ သတ်မှတ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အစိုးရကို အသိအမှတ်ပြုခြင်းဟူသည့် ခိုင်မာအားကောင်းသော တည်ဆောက် မှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့သည်။ ယမန်နေ့ ဇွန်လ ၁၄…

လူထုခေါင်းဆောင်မွေးနေ့တွင် “နှင်းဆီလှုပ်ရှားမှု” ကို ပြည်လုံးကျွတ် ဆင်နွှဲရန် ပြင်ဆင်နေပြီး စစ်အုပ်စု ၏ အာဏာရှင်စနစ် တည်ဆောက်ရေးကို ရိုက်ချိုးမည်

PSM(News) ဇွန် ၁၅၊ ၂၀၂၆ လာမည့် ဇွန် ၁၉ ရက်နေ့တွင်ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် စစ်အုပ်စု၏ ဟန်ပြနိုင်ငံရေး ခြေလှမ်းများကို ဖိအားပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မည့် “နှင်းဆီလှုပ်ရှားမှု (ROSE Movement)” ကို တစ်ခဲနက် ဆင်နွှဲသွား…

အစ္စရေး၏ ဘေရွတ်တိုက်ခိုက်မှုကြောင့် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်များ ထိခိုက်၊ ဆွေးနွေးပွဲများ ဆက်လုပ်ရန် ‘အဓိပ္ပာယ်မရှိတော့’ ဟု အီရန်ပြောကြား

PSM (NEWS) ဇွန် ၁၅ ၊ ၂၀၂၆ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုသည် ‘မဖြစ်ပွားသင့်ခဲ့သည့် ကိစ္စရပ်’ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားလိုက်သည်။ ယခုတိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲအဆုံးသတ်ရေး အပြီးသတ်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးသွားစေနိုင်ကြောင်း သိရသည်။ ဘေရွတ်မြို့တော်ပေါ်တွင်…

နယူးယောက်ခ်မြို့တွင် Knicks အသင်း အောင်ပွဲခံစဉ် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

PSM (NEWS) ဇွန် ၁၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊နယူးယောက်ခ် Knicks အသင်းသည် ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမျိုးသားဘတ်စကတ်ဘောအသင်းချုပ်(NBA)ချန်ပီယံဆုကိုဇွန်လ ၁၃ ရက်နေ့တွင်ဆွတ်ခူးနိုင်ခဲ့သည်။ထိုနေ့ညပိုင်းတွင် နယူးယောက်ခ်မြို့၊ မစ်ဒ်တောင်းမန်ဟက်တန်၌ ပရိသတ်များ၏ ပျော်ပွဲရွှင်ပွဲများမှာ ရုန်းရင်းဆန်ခတ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါအောင်ပွဲကို အထိမ်းအမှတ်အဖြစ် ပရိသတ်ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကာ မီးရှူးမီးပန်းများ ဖောက်ခြင်း၊ မီးခိုးဗုံးများ အသုံးပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထိုသို့…

အီရန်နှင့် အမေရိကန်တို့၏ နျူကလီးယားနှင့် ပိတ်ဆို့မှုဆိုင်ရာ မူကြမ်းသဘောတူညီချက်များ

PSM (NEWS) ဇွန်၁၅ ၊၂၀၂၆ အီရန်နှင့် အမေရိကန်တို့အကြား ရေးဆွဲထားသည့် မူကြမ်းသဘောတူညီချက်တွင် နျူကလီးယားလုပ်ငန်းစဉ်များ ကန့်သတ်ခြင်း၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အမေရိကန်၏ ရေနံပိတ်ဆို့မှုများ ရုပ်သိမ်းပေးခြင်းတို့ ပါဝင်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးကဇွန်လ ၁၄ ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့သည်။ အဆိုပါမူကြမ်းအရ အမေရိကန်သည် အီရန်၏ ထိန်းချုပ်ခံထားရသော ပိုင်ဆိုင်မှု ဒေါ်လာ ၂၅ ဘီလီယံကို…

ဗြိတိန်က ရုရှား၏ ‘မှောင်ခို’ ရေနံတင်သင်္ဘောကို ပထမဆုံးအကြိမ် ဦးဆောင်ဖမ်းဆီး

PSM(NEWS) ဇွန် ၁၅၊၂၀၂၆ ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များသည် အင်္ဂလိပ်ရေလက်ကြားအတွင်း ပိတ်ဆို့အရေးယူမှုများမှ ရှောင်လွှဲနေသည့် ရုရှား၏ ‘မှောင်ခို’ ရေနံတင်သင်္ဘော တစ်စင်းဖြစ်သည့် Smyrtos ကို ဇွန်လ ၁၄ ရက်တွင် ကြားဖြတ်ဖမ်းဆီးခဲ့သည်။ ယူကရိန်းစစ်ပွဲအတွက် ရုရှား၏ ရေနံဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ဤစစ်ဆင်ရေးသည် ဗြိတိန်အနေဖြင့် ပထမဆုံးအကြိမ် ဦးဆောင်ဖမ်းဆီးခြင်းဖြစ်သည်။ ကင်မရွန်းအလံတင်ထားသည့် အဆိုပါသင်္ဘောအား ဗြိတိန်တော်ဝင်ရေတပ်မတော် နှင့်…

ကိုရီးယားနိုင်ငံ ဂယဲဆန်းတောင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆီမီးသပိတ် ဆုတောင်းပွဲ ပြုလုပ်

PSM(News) ဇွန် ၁၄၊၂၀၂၆ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကိုရီးယားနိုင်ငံ ဂယဲဆန်းတောင်ပေါ်တွင် ဆီမီးထွန်းဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့အနီးရှိ ဂယဲဆန်းတောင်ပေါ်တွင် ဇွန်လ ၁၃ ရက်နေ့ ညဦးပိုင်းက တော်လှန်ရေးအဖွဲ့အစည်းများစုပေါင်းကာ ဆီမီးသပိတ် ဆုတောင်းပွဲကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။ ယခုပြုလုပ်သည့် အစီအစဉ်သည် “Proof of…

မက္ကဆီကိုတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပွဲ၌ ပရိသတ်များ လူစည်ကားရာနေရာများတွင် ရောက်ရှိနေသဖြင့် ထိုင်ခုံများလပ်နေခြင်းဖြစ်ကြောင်း FIFAရှင်းလင်း

PSM(NEWS) ဇွန် ၁၄၊၂၀၂၆ ဂွါဒလာဟာရာမြို့၌ ကျင်းပခဲ့သည့် တောင်ကိုရီးယားနှင့် ချက်သမ္မတနိုင်ငံတို့၏ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွင် အားကစားကွင်းအတွင်း ထိုင်ခုံအချို့ လပ်နေခြင်းမှာ ပရိသတ်များအနေဖြင့် ပွဲကြည့်စင်ထိုင်ခုံများတွင် မထိုင်ဘဲ လူစည်ကားရာနေရာ များတွင် ရောက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က သောကြာနေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။ ၄၅,၆၆၄ ဦး ဝင်ဆံ့သော ဂွါဒလာဟာရာအားကစားကွင်းတွင် ပွဲကြည့်စင်အလယ်ပိုင်းနှင့် အခြားနေရာအချို့၌ ထိုင်ခုံများ လပ်နေသည်ကို ထင်ရှားစွာ…

ပင်တဂွန်၏ လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံမှ ‘အလွန်အမင်း မကျေနပ်’ ကြောင်း ဖော်ပြ

PSM(NEWS) ဇွန် ၁၄ ၊၂၀၂၆ တရုတ်နိုင်ငံ၏ စစ်ရေးကို အထောက်အကူပြုနေသည်ဟုဆိုကာ တရုတ်ကုမ္ပဏီကြီးအချို့ကို အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်) ၏ စာရင်းတွင် ထည့်သွင်းလိုက်သည့်အပေါ် တရုတ်စီးပွားရေးဝန်ကြီးဌာနက စနေနေ့တွင် “အလွန်အမင်း မကျေနပ်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်ကာကွယ်ရေးဌာနက တနင်္လာနေ့တွင် အဆိုပါစာရင်းကို နောက်ဆုံးအခြေအနေသို့ ပြင်ဆင်လိုက်ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထိုစာရင်းတွင် အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်းကြီး Alibaba အင်တာနက်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း…

You missed