PSM (NEWS)

ဇွန် ၁၃၊ ၂၀၂၆

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ဥရောပသို့ အန္တရာယ်များသော အတ္တလန်တစ်သမုဒ္ဒရာဖြတ်ကျော် ခရီးစဉ်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် တွေ့ဆုံခဲ့သည်။

စပိန်နိုင်ငံ ဂရန်ကာနရီယာသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ဇွန်လ ၁၁ ရက်နေ့တွင် မိန့်ခွန်းပြောကြားရာ၌ ရွှေ့ပြောင်းနေထိုင်သူများသည် “ကိန်းဂဏန်းများ သို့မဟုတ် ဖိုင်တွဲများ မဟုတ်ဘဲ လူသားများ” ဖြစ်ကြကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးနေခြင်းကို ဥရောပအနေဖြင့် အသားမကျသွားရန် တိုက်တွန်းခဲ့ပြီး၊ တရားဝင်ပြီး ဘေးကင်းလုံခြုံသော ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းများ ပိုမိုဖန်တီးပေးရန်လည်း တောင်းဆိုခဲ့သည်။

အာဂီနီဂွင် ဆိပ်ကမ်း၌ ပုပ်ရဟန်းမင်းကြီးသည် ခရီးစဉ်အတွင်း သေဆုံးခဲ့သူများနှင့် ပျောက်ဆုံးနေသူများအား ရည်စူး၍ ပန်းခွေချခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများထဲတွင် မိသားစုအတွက် ပိုမိုကောင်းမွန်သော ဘဝကိုရှာဖွေရန် ယင်းခရီးစဉ်ကို စွန့်စားခဲ့သူ ဂမ်ဘီယာနိုင်ငံသား ဘကာရီ ဂျိုင်ဂျူး လည်း ပါဝင်ခဲ့သည်။

ကိုးကား-DW

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *