PSM (NEWS) ဇွန် ၁၄၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် သုံးလကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက် မူဘောင်တစ်ရပ်ကို သဘောတူညီခဲ့ကြပြီး လာမည့် ၂၄ နာရီအတွင်း ပဏာမစာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း စစ်ပွဲတွင် ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က စနေနေ့တွင် ပြောကြားလိုက်သည်။ သဘောတူညီချက်အကျဉ်းချုပ် တွင်ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရန်နှင့် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရုပ်သိမ်းရန် အဆိုပြုထားသည်။အပြောင်းအလဲများ ရှိနေနိုင်သေးကြောင်းနှင့်နျူကလီးယားဆွေးနွေးပွဲများကို နောက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အီရန်က ပြောကြားသည်။ ၂၄ နာရီအတွင်း အီလက်ထရွန်နစ်စနစ်ဖြင့် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ဆိုသည်။ ရရှိထားသည့်မူကြမ်းအချက်အလက်များအရအီရန်ကရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးပါက အမေရိကန်က၎င်းတို့ထိန်းချုပ်ထားသည့်အီရန်၏ဒေါ်လာဘီလီယံချီသော ပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရန်နှင့် ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးရန် သဘောတူထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် စတင်ခဲ့သည့် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အမေရိကန်အရာရှိတစ်ဦးက ဤသဘောတူညီချက်သည် အီရန်၏နျူကလီးယားအစီအစဉ်ကို အဆုံးသတ်ဖျက်သိမ်းရန် ဦးတည်လိမ့်မည်ဟု ပြောကြားသော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီကမူ ၎င်းတို့၏နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန် သဘောမတူထားကြောင်း ငြင်းဆိုထားသည်။ သို့သော်လည်း နောက်ဆုံးရရှိသောသတင်းများအရ အစ္စလာမာဘတ် နားလည်မှုစာချွန်လွှာ (Islamabad memorandum) ကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးဖြစ်မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီ က ပြောကြားထားသဖြင့် အချိန်အတိအကျမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။ ကိုးကား-Reuters Post navigation တရုတ်နိုင်ငံ၏ သဲကန္တာရဒေသများတွင် “အလွန်အမင်း ပြင်းထန်သည့် ရေကြီးမှုများ” ဖြစ်ပေါ်နိုင်ကြောင်း သတိပေး ပင်တဂွန်၏ လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံမှ ‘အလွန်အမင်း မကျေနပ်’ ကြောင်း ဖော်ပြ