PSM(NEWS) ဇွန် ၁၃ ၊၂၀၂၆ ထိုင်းနိုင်ငံ၏ မင်းသမီး ဘဂျရာကီတီယာဘာ နာရင်ဒီရာ ဒေဗီယာဗတီ (Bajrakitiyabha Narendira Debyavati) သည် အသက် ၄၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း နန်းတော်က သောကြာနေ့တွင် ကြေညာခဲ့သည်။ မင်းသမီးသည် နာတာရှည် ကျန်းမာရေးပြဿနာများကြောင့် လေးနှစ်နီးပါး ကိုမာ (coma) အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ မင်းသမီးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် နခွန်ရတ်ချာစီမာပြည်နယ်သို့ သွားရောက်လည်ပတ်စဉ် နှလုံးရောဂါဝေဒနာကြောင့် ရုတ်တရက် သတိလစ်သွားခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ကုသခဲ့ရသည်။ နန်းတော်၏ ထုတ်ပြန်ချက်အရ မင်းသမီးသည် ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲခြင်းဆိုင်ရာ ရောဂါများကြောင့် ကြာသပတေးနေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်း၏ သားသမီးသုံးဦးအနက် မင်းသမီးသည် တော်ဝင်အမည်ခံယူထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထီးနန်းဆက်ခံခွင့်ရှိသူတစ်ဦး ဖြစ်သည်။ လက်ရှိတွင် နန်းတော်မှ တော်ဝင်ဈာပနအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို ကြေညာဖွယ်ရှိသည်။ ကိုးကား-Reuters Post navigation မလေးရှားနိုင်ငံ၊ပါဆာဂူဒန်းမြို့တွင် ဓါတုပစ္စည်းယိုစိမ့်မှု ဖြစ်ပွား စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအား ဒရုန်းဖြင့် ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ဒဏ်ငွေဆောင်ရ