PSM(News)

ဇွန် ၁၃ ၊ ၂၀၂၆

စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှု ကြော်ငြာစာမျက်နှာဖြစ်သည့် TV360 Facebook စာမျက်နှာကို Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta မှ တရားဝင် ဖြစ်ကြောင်း Justice For Myanmar (JFM)အဖွဲ့ထံက သိရသည်။

အဆိုပါ Mytel TV360 Facebook စာမျက်နှာမှာ JFM အဖွဲ့မှ Facebook ထံသို့ တိုင်ကြားစာ ပေးပို့ပြီးနောက် ဇွန် ၁၂ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဖယ်ရှားခံ ခဲ့ရခြင်းဖြစ်သည်။

Mytel TV360 စာမျက်နှာကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ ခြင်းခံထားရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြသခွင့်ကို အဆိုပါ Mytel (TV360) ထံသို့ လွှဲအပ်ခဲ့ခြင်းကြောင့် ဖီဖာအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုရာ ရောက်သည်ဟု JFM က ထောက်ပြခဲ့သည်။

Justice For Myanmar (JFM) က အဆိုပါ TV360 စာမျက်နှာသည် Meta ၏ မူဝါဒများကို ချိုးဖောက်နေကြောင်း ဇွန်လ ၁၂ရက်အစောပိုင်းတွင် Facebook ထံသို့ အထောက်အထားများနှင့်တကွ အသိပေးတိုင်ကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် Meta ဘက်က ယခုကဲ့သို့ ချက်ချင်းအရေးယူ ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By Htet Ko

You missed