PSM (NEWS) ဇွန် ၁၆၊ ၂၀၂၆ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်သည် အီရန်နှင့် အမေရိကန်တို့ စစ်ပွဲကို ရပ်တန့်ရန် သဘောတူညီချက်ရရှိပြီးနောက်၊ နောက်ထပ်ပြုလုပ်မည့် ဆွေးနွေးပွဲများမှ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း တူရကီသံတမန်ရေးရာ အရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။တနင်္လာနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အရတ်ချီ နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီး ဖီဒန်က သဘောတူညီချက်ကို ပျက်ပြားသွားစေနိုင်သည့် “ရန်စမှုများ” ကို သတိပြုရန် သတိပေးခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများကို တူရကီအနေဖြင့် ဆက်လက်ထောက်ပံ့သွားမည်ဟု ကတိပြုခဲ့ကြောင်း အဆိုပါအရင်းအမြစ်က ဆိုသည်။ ဝန်ကြီး အရတ်ချီကလည်း စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွင် တူရကီ၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation အစ္စရေး၏ ဘေရွတ်တိုက်ခိုက်မှုကြောင့် အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်များ ထိခိုက်၊ ဆွေးနွေးပွဲများ ဆက်လုပ်ရန် ‘အဓိပ္ပာယ်မရှိတော့’ ဟု အီရန်ပြောကြား ယူကရိန်းနိုင်ငံတွင် ရုရှားတို့၏ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး သမိုင်းဝင် ကိယက်ဗ်ကျောင်းတော်ကြီး ပျက်စီး