PSM (NEWS)

ဇွန် ၁၅၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊နယူးယောက်ခ် Knicks အသင်းသည် ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမျိုးသားဘတ်စကတ်ဘောအသင်းချုပ်(NBA)ချန်ပီယံဆုကိုဇွန်လ ၁၃ ရက်နေ့တွင်ဆွတ်ခူးနိုင်ခဲ့သည်။ထိုနေ့ညပိုင်းတွင် နယူးယောက်ခ်မြို့၊ မစ်ဒ်တောင်းမန်ဟက်တန်၌ ပရိသတ်များ၏ ပျော်ပွဲရွှင်ပွဲများမှာ ရုန်းရင်းဆန်ခတ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အဆိုပါအောင်ပွဲကို အထိမ်းအမှတ်အဖြစ် ပရိသတ်ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကာ မီးရှူးမီးပန်းများ ဖောက်ခြင်း၊ မီးခိုးဗုံးများ အသုံးပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေစဉ်အတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ပို့ဆောင်ပေးနေသည့် ဘတ်စ်ကားတစ်စီး မီးရှို့ခံခဲ့ရပြီး အခြားကားသုံးစီးလည်း ပျက်စီးခဲ့ရသည်။

ထို့ပြင် တိုင်းမ်စကွဲယားတွင် အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ရဲတပ်ဖွဲ့သည် နှစ်နာရီကြာ ထိန်းသိမ်းထားပြီးနောက် တပ်ဖွဲ့ဝင်များက လမ်းမများကို ပိတ်ဆို့ကာ လူစုခွဲခဲ့ရပြီး Madison Square Garden အနီးရှိ လမ်းမများကို ပြန်လည်ရှင်းလင်းခဲ့သည်။ Knicks အသင်းသည် ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်းဖြစ်သောကြောင့် ပရိသတ်များ အထူးစိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

You missed