PSM(News)

ဇွန် ၁၄၊၂၀၂၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကိုရီးယားနိုင်ငံ ဂယဲဆန်းတောင်ပေါ်တွင် ဆီမီးထွန်းဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့အနီးရှိ ဂယဲဆန်းတောင်ပေါ်တွင် ဇွန်လ ၁၃ ရက်နေ့ ညဦးပိုင်းက တော်လှန်ရေးအဖွဲ့အစည်းများစုပေါင်းကာ ဆီမီးသပိတ် ဆုတောင်းပွဲကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ယခုပြုလုပ်သည့် အစီအစဉ်သည် “Proof of Life” ကမ်ပိန်း ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆုတောင်းပွဲအတွင်း တော်လှန်ရေးအားပေးစကားများ ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့်သီချင်း သီဆိုခြင်းတို့ဖြင့် ကျင်းပခဲ့ကြသည်။

အဆိုပါ ဆုတောင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး အားပေးဆုတောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင်လည်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြောင်ဒုံ (တရုတ်သံရုံးအနီး) ၌ “Proof of Life” ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့

By Htet Ko

You missed