PSM (NEWS)

ဇွန်၁၅ ၊၂၀၂၆

အီရန်နှင့် အမေရိကန်တို့အကြား ရေးဆွဲထားသည့် မူကြမ်းသဘောတူညီချက်တွင် နျူကလီးယားလုပ်ငန်းစဉ်များ ကန့်သတ်ခြင်း၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အမေရိကန်၏ ရေနံပိတ်ဆို့မှုများ ရုပ်သိမ်းပေးခြင်းတို့ ပါဝင်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးကဇွန်လ ၁၄ ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့သည်။

အဆိုပါမူကြမ်းအရ အမေရိကန်သည် အီရန်၏ ထိန်းချုပ်ခံထားရသော ပိုင်ဆိုင်မှု ဒေါ်လာ ၂၅ ဘီလီယံကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့ထားသည့် အရေးယူမှုများကို ကင်းလွတ်ခွင့်ပေးရန် သဘောတူညီထားသည်။

ထို့ပြင် အမေရိကန်သည် အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားသည့် ရေကြောင်းကန့်သတ်ချက်များကိုလည်း ရက်ပေါင်း ၃၀ အတွင်း ရုပ်သိမ်းပေးမည်ဖြစ်သည်။

နျူကလီးယားကိစ္စရပ်များနှင့်ပတ်သက်၍လည်း အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ခြင်း သို့မဟုတ် ရယူခြင်း လုံးဝမပြုလုပ်ရန်နှင့် လက်ရှိနျူကလီးယားအစီအစဉ်ကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီခဲ့သည်။ နှစ်ဖက်စလုံးအနေဖြင့် အဆိုပါမူကြမ်းကို လက်မှတ်ရေးထိုးပြီးနောက် ၆၀ ရက်အတွင်း နောက်ဆုံးသဘောတူညီချက်ကို အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

You missed