Month: April 2026

ကော့သောင်းတွင် ကင်းလှည့်လာသည့် စစ်ကော်မရှင်ရေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာကာ ဆုတ်ခွာထွက်ပြေး

PSM(News) ဧပြီ ၉ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရေလမ်းအတိုင်း ကင်းလှည့်လာသော စစ်ကော်မရှင် ရေယာဉ်တစ်စင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ ကော့သောင်းတပ်နယ်မှ အင်အား ၂၀ ခန့်ပါဝင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကော့သောင်း မြို့မှ လှေတစ်စီးဖြင့် ရေလမ်းအတိုင်း ခမောက်ငယ်ချောင်းဝသို့…

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်း မေတ္တာပို့သကြရန် NLD လူငယ်များ တိုက်တွန်း

PSM (News) ဧပြီ ၉ ၊ ၂၀၂၆ လာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး ကျန်းမာဘေးကင်းပြီး အမြန်ဆုံး လွတ်မြောက်လာစေရန် မြန်မာတစ်နိုင်ငံ လုံးရှိ ပြည်သူများ ပူးပေါင်းပါဝင် ဆုတောင်းမေတ္တာပို့သပေးကြပါရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ယနေ့ ဧပြီ ၉ ရက်တွင် ပန်ကြားလိုက်သည်။ လာမည့်…

နတ်မောက်တွင် စစ်ကော်မရှင်စစ်ကြောင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ခိုက်ရေး ဒရုန်းတစ်စင်း PLA ပစ်ချ

PSM(News) ဧပြီ ၉၊ ၂၀၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ၈ ရက်တာအတွင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသည့်အပြင် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုပါ ပစ်ချသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက် ရေး တပ်မတော် (PLA) က ထုတ်ပြန်သည်။ PLA သည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ရမည်းသင်းမြို့နယ်၊…

KNU ဖားအံခရိုင်အကျဉ်းထောင်မှ မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရန်ရည်ရွယ်၍ နှစ်သစ်ကူး သင်္ကြန်အမီ အကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းခွင့်ပြု

PSM(News) ဧပြီ ၉ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၈ ဦးကို မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်ကြောင်း သိရသည်။ အဆိုပါ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဧပြီလ…

အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးကို စင်ကာပူ ကြိုဆို၊ နှစ်ဖက်စလုံး သဘောထားကြီးစွာဖြင့် ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်း

PSM(NEWS) ဧပြီ ၉၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု နှင့် အီရန်နိုင်ငံတို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခြင်းအပေါ် စင်ကာပူအစိုးရက ဗုဒ္ဓဟူးနေ့တွင်ကြိုဆိုလိုက်ပြီး ယာယီစစ်ပြေငြိမ်းမှုကို နှစ်နိုင်ငံစလုံးက လိုက်နာစောင့်ထိန်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတ်မှတ်ထားသည့် အချိန်မကုန်ဆုံးမီ နာရီပိုင်းအလို အင်္ဂါနေ့တွင် ယခုသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်၏ ထုတ်ပြန်ချက်အရ…

ဆီမီးကွန်ဒတ်တာနှင့် ဖိုတွန်းနစ်ကဏ္ဍတွင် ထိုင်းနိုင်ငံ အဓိကနေရာမှ ပါဝင်ရန် ရည်မှန်း

PSM(NEWS) ဧပြီ ၉၊ ၂၀၂၆ ထိုင်းနိုင်ငံကို ကမ္ဘာ့ဆီမီးကွန်ဒတ်တာ(Semiconductor)နှင့် အလင်းသုံးနည်းပညာ (Photonics) ဈေးကွက်အတွင်း အဆင့်မြင့်ကဏ္ဍသို့ ရောက်ရှိစေရန်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။ ဒုတိယဝန်ကြီးချုပ် ယော့ချနန် ဝေါင်းဆာဝပ် နှင့် Lumentum ကုမ္ပဏီစီအီးအို မိုက်ကယ်ဟာလ်စတန်တို့သည် ဘန်ကောက်မြို့တွင် တွေ့ဆုံကာ AI နှင့် ဒေတာစင်တာများအတွက် လိုအပ်သည့် နည်းပညာများတွင် ထိုင်းနိုင်ငံ၏…

အမေရိကန်က အီရန်တွင် ‘အပြတ်အသတ် အောင်ပွဲရရှိခဲ့’ ဟု ဟက်ဂ်ဆက်ပြောကြား

PSM(NEWS) ဧပြီ ၉၊၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်၊စစ်ဝန်ကြီးဌာန ဝန်ကြီး ပီတီဟက်ဂ်ဆက် က အီရန်နိုင်ငံတွင်“ပြတ်သားသော စစ်ရေးအောင်ပွဲ” ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ ပန်တဂွန်စစ်ဌာနချုပ်၌ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ဟက်ဂ်ဆက်ကစစ်ဝန်ကြီးဌာနအနေဖြင့်အီရန်၏စစ်ရေးစွမ်းဆောင်ရည်များကိုအောင်မြင်စွာချေမှုန်းနိုင်ခဲ့ကြောင်းသတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒီကနေ့မနက်ဟာကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့ထူးနေ့မြတ်ပါပဲ။ ‘Operation Epic Fury’ ဟာ စစ်မြေပြင်မှာသမိုင်းဝင်ပြီးအပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်” ဟု ဟက်ဂ်ဆက်က ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ…

အမေရိကန်နှင့် အီရန် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူ၊ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်မည်

PSM(NEWS) ဧပြီ ၉၊ ၂၀၂၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန်သဘောတူညီမှု ရရှိခဲ့ကြောင်းဧပြီ၉ရက်နေ့က ကြေညာလိုက်သည်။ အဆိုပါ သဘောတူညီချက်သည် ဟော်မုဇ် ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးအပေါ် မူတည်နေကြောင်း သိရသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အမေရိကန်က အီရန်အပေါ်ဗုံးကြဲတိုက်ခိုက်မှုများကို ၂ ပတ်ကြာရပ်နားထားမည် ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် ဧပြီလ ၁၀ရက်နေ့၌ဆွေးနွေးပွဲများ စတင်ရန် စီစဉ်ထားသည်။ စီးပွားရေးပိတ်ဆို့မှုအ‌ရအီရန်ထံ လက်နက်ထောက်ပံ့သည့်မည်သည့်နိုင်ငံမဆို၅၀ရာခိုင်နှုန်းအကောက်ခွန်တိုးမြှင့်ရိုက်ခံရမည်ဟုသမ္မတထရမ့်ကသတိပေးထားသည်။…