Month: April 2026

လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအနီးတွင် YBS (၆၀) ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊ ၁၁ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့

PSM (News) ဧပြီ ၁၀ ၊ ၂၀၂၆ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဟင်းသီးဟင်းရွက်ဈေးအနီးတွင် ယနေ့ ဧပြီ ၁၀ ရက်၊ ညနေပိုင်းက YBS ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်တွင် မောင်းနှင်နေသည့် လိုင်းအမှတ် (၆၀) YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း ယနေ့…

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ခံသမ္မတအဖြစ် ကျမ်းကျိန်၍ အစိုးရသစ်ဖွဲ့၊ ကာလုံအဖွဲ့သစ်ကို စိတ်ကြိုက်ပြင်ဆင်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အာဏာမဲ့နေရာသို့ ရွှေ့ပြောင်း

မောင်မောင်ကဲ/PSM(News) ဧပြီ ၁၀ ၊ ၂၀၂၆ ၂၀၂၁ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်က တင်မြှောက်သည့် အမည်ခံသမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာပြု ကျမ်းကျိန် ခဲ့သည်။ ကျမ်းကျိန်ပွဲတွင် စစ်ခေါင်းဆောင်နှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊…

ပနားမားဆိပ်ကမ်းအရေး တရုတ်၏ တုံ့ပြန်မှုအပေါ် အချုပ်အခြာအာဏာကို လေးစားရန် ပနားမားတောင်းဆို

PSM(NEWS) ဧပြီ ၁၀၊ ၂၀၂၆ ပနားမားနိုင်ငံရှိ အဓိက ဆိပ်ကမ်းလုပ်ပိုင်ခွင့်များကို ပယ်ဖျက်ခဲ့သည့် တရားရုံးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများအပေါ် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန် ပနားမား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်သည်။ ပနားမားဗဟိုတရားရုံးချုပ်သည် ဟောင်ကောင်အခြေစိုက် စီကေ ဟာချီဆင် (CK Hutchison) ကုမ္ပဏီ၏ ဆိပ်ကမ်းလုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပယ်ဖျက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်နောက်ပိုင်း…

အီရန်စစ်ပွဲတွင် ဥရောပမဟာမိတ်အချို့ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ဟု NATOအကြီးအကဲ ပြောကြား

PSM(NEWS) ဧပြီ ၁၀၊၂၀၂၆ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲနေသော စစ်ပွဲတွင် ဥရောပမဟာမိတ်များ ပါဝင်ပတ်သက်မှုအားနည်းခြင်းအပေါ် ဝါရှင်တန်၏ ဝေဖန်မှုများ ထွက်ပေါ်နေစဉ်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် နိုင်ငံအချို့သည် စမ်းသပ်မှုကို ခံခဲ့ရသော်လည်း ကျရှုံးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ်ရုတေးကပြောကြားလိုက်သည်။ အတွင်းရေးမှူးချုပ် မတ်ခ် ရုတေး သည်အိမ်ဖြူတော်တွင်အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နှင့် တွေ့ဆုံကာ အီရန်အရေးကို…

အမေရိကန် နှင့် အီရန်နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးအပေါ် သံသယများရှိလာခြင်းကြောင့် စတော့စျေးကွက်များ တုံ့ဆိုင်းသွားပြီး ရေနံစျေးနှုန်းမှာ ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ မြင့်တက်လာ

PSM (NEWS) ဧပြီ ၁၀၊၂၀၂၆ အမေရိကန်၊ အီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များအပေါ် သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့စတော့စျေးကွက်များမှာကြာသပတေးနေ့တွင် ပြန်လည်တုံ့ဆိုင်းသွားပြီး ရေနံစျေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။ ဗုဒ္ဓဟူးနေ့က အပစ်အခတ် ရပ်စဲရေးသတင်းကြောင့် စျေးကွက်အတွင်း အကောင်းမြင်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် S&P…

အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်မပါဝင်ကြောင်း အမေရိကန် သဘောတူညီခဲ့ဟု ဂျေဒီဗန့်စ် ပြောကြား

PSM(NEWS) ဧပြီ ၁၀၊ ၂၀၂၆ အမေရိကန်နှင့် အီရန်တို့ကြား အင်္ဂါနေ့က သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်နိုင်ငံ ပါဝင်သည်ဟု အီရန် ညှိနှိုင်းရေးမှူးများက ထင်မြင်ယူဆနေကြသော်လည်း အမှန်တကယ်တွင် အမေရိကန်အနေဖြင့် ထိုအချက်ကို သဘောတူညီခဲ့ခြင်းမရှိကြောင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ “ဒါဟာ အမှန်တကယ် နားလည်မှုလွဲမှားခြင်းကနေ ဖြစ်လာတာလို့ ကျွန်တော်ထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ လက်ဘနွန်ပါဝင်တယ်လို့ အီရန်ဘက်က…