PSM(NEWS) ဧပြီ ၁၆ ၊၂၀၂၆ ကိုလံဘီယာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် သမ္မတ ဂူစတာဗို ပတ်ထရိုအစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားစဉ်အတွင်း ကောက်ခံခဲ့သည့် ရန်ပုံငွေများကို ပြန်လည်ပေးအပ်ရန် ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်လိုက်သည်။ ယခုဆုံးဖြတ်ချက်သည် လွှတ်တော်အတွင်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်များစွာ ရှုံးနိမ့်ခဲ့ရသဖြင့် အကျပ်အတည်းဖြစ်နေသော ပတ်ထရိုအစိုးရ၏ ဘဏ္ဍာရေးအခြေအနေအပေါ် ထပ်မံရိုက်ခတ်မှုဖြစ်စေခဲ့သည်။ ယခုနှစ် ဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းရန်အတွက် ပီဆို ၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၀၇ ဘီလီယံ) ရှာဖွေရန် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ခုံရုံးက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ အမည်မဖော်လိုသူ အမျိုးသား အခွန်နှင့် အကောက်ခွန်ဦးစီးဌာန သတင်းမြစ်တစ်ခု၏ အဆိုအရ အစိုးရသည် အဆိုပါ အမိန့်ဒီကရီများအရ ပီဆို ၁.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၆၇ သန်း) ကောက်ခံရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေသည် အစိုးရအနေဖြင့် လွှတ်တော်၏ ကြိုတင်ခွင့်ပြုချက်မလိုဘဲ အမိန့်ဒီကရီများဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အထူးအခြေအနေတစ်ရပ် ဖြစ်သည်။ အစိုးရသည် အဆိုပါကာလအတွင်း ပီဆို ၂.၁ ဘီလီယံထက်ကျော်သော ငွေသားပိုင်ဆိုင်မှုများအပေါ် အခွန်ကောက်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍအတွက် အထူးဝင်ငွေခွန် ကောက်ခံခြင်း၊ အရက်၊ လောင်းကစားနှင့် အချို့သော ယာဉ်များအပေါ် ၁၉ ရာခိုင်နှုန်း အခွန်ကောက်ခြင်း စသည့်အစီအမံများကို ချမှတ်ခဲ့သည်။ ယခင်က တရားရုံးသည် စီးပွားရေးအရေးပေါ်အခြေအနေများကို ပယ်ဖျက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ကောက်ခံပြီးသား ရန်ပုံငွေများကို နောက်ကြောင်းပြန်၍ ပြန်ပေးရန် ညွှန်ကြားခဲ့ခြင်းမျိုး မရှိခဲ့ပေ။ လက်တင်အမေရိက၏ စတုတ္ထမြောက် အကြီးဆုံးစီးပွားရေးဖြစ်သော ကိုလံဘီယာသည် ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးလိုငွေပြမှုပန်းတိုင်ကို မူလ ၅.၁ ရာခိုင်နှုန်းမှ ၇.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ရသည်။ ပြီးခဲ့သည့်အပတ်က ဘဏ္ဍာရေးဝန်ကြီး ဂျာမန် အာဗီလာ သည် ယခုနှစ် အသုံးစရိတ်အတွက် ပီဆို ၁၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၄၇ ဘီလီယံ) တန်ဖိုးရှိသော အခွန်ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းအသစ်ကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ကြေညာထားသည်။ ကိုးကား Reuters Post navigation တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒကို ပူးတွဲဆန့်ကျင်ကြရန် ဗီယက်နမ်ခေါင်းဆောင်အား ရှီကျင့်ဖျင် တိုက်တွန်း အင်တာနက်ရေစီးကြောင်းက တရုတ်နိုင်ငံ၏ Soft Power အခိုက်အတန့်ရောက်ရှိလာပြီဖြစ်ကြောင်း ပြသနေ