PSM (News) စက်တင်ဘာ ၁၀၊၂၀၂၆ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆာတာဟစ်မြို့၊ ဆူခွန်းဗစ်လမ်းရှိ လူနေရပ်ကွက်အနီးတွင် စက်တင်ဘာလ ၉ ရက်နေ့က အရှိန်အဟုန်ဖြင့် ကူးစက်မြန်သော တောမီးတစ်ခု စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များသို့ မီးကူးစက်ပျံ့နှံ့ခြင်း မရှိစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့၏ တစ်နာရီကျော် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သတင်းရရှိပြီး မီးလောင်ရသည့် အကြောင်းရင်းကိုမူ သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကိုးကား-Khaosod Post navigation ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဆိုးလ်ကာကွယ်ရေး ဆွေးနွေးပွဲတွင် ရရှိခဲ့သော တရုတ်နိုင်ငံ၏ စာတိုကို ဖိအားပေးမှုအဖြစ် ပြစ်တင်ရှုတ်ချ အင်ဒိုနီးရှားနိုင်ငံ၏တောမီးလောင်ကျွမ်းမှုဆိုင်ရာ ထုတ်လွှတ်မှုများ ကမ္ဘာ့အမြင့်ဆုံးသို့ ရောက်ရှိ