PSM(NEWS)

ဧပြီ ၁၇၊၂၀၂၆

ဂျပန်နိုင်ငံအနေဖြင့် ငွေလဲလှယ်နှုန်းထားများအပါအဝင် ဈေးကွက်၏ လှုပ်ခတ်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဆာဆူကီး ကာတာရားမ က ၎င်း၏ စက်မှုထိပ်သီး ၇ နိုင်ငံ (G7) မိတ်ဖက်များကို ပြောကြားခဲ့သည်။

G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးအပြီးတွင် ဝန်ကြီး ကာတာရားမ က သတင်းထောက်များကို ပြောကြားရာ၌ အရှေ့အလယ်ပိုင်းပဋိပက္ခ၏ အခြေအနေနှင့် အတိုးနှုန်းမြှင့်တင်မှုများက စီးပွားရေးအပေါ် မည်သို့သက်ရောက်နိုင်သည်ဟူသော မရေရာမှုများကြောင့် ဗဟိုဘဏ်အများစုမှာ ငွေကြေးမူဝါဒနှင့် ပတ်သက်၍ အခြေအနေကို စောင့်ကြည့်လိုသည့် သဘောထားရှိကြကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ G7 အစည်းအဝေးသို့ ဂျပန်ဗဟိုဘဏ် (Bank of Japan) အုပ်ချုပ်ရေးမှူး ကာဇူအို အုအဲဒါ လည်း တက်ရောက်ခဲ့သော်လည်း ယခုမရေရာမှုများက အတိုးနှုန်း ဆုံးဖြတ်ချက်များအပေါ် မည်သို့သက်ရောက်နိုင်သည်ဆိုသည့် အချက်ကိုမူ ဝန်ကြီးက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ကိုးကား Reuters

By Htet Ko