Month: April 2026

နေပြည်တော်၏ ခံစစ်စည်း လယ်ဝေးရှိ ၄၁၁ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံး

PSM(News) ဧပြီ ၂၃၊ ၂၀၂၆ အာဏာလုစစ်အုပ်စု ရုံးစိုက်ရာ နေပြည်တော်၏ တံခါးဝဖြစ်သော လယ်ဝေးမြို့နယ်ရှိ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။ လယ်ဝေးမြို့၊ အောင်ချမ်းသာရွာသစ်၌ အထိုင်ချထားသော အဆိုပါခံစစ်စခန်းကို ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် KNU/KNLA တပ်မဟာ (၂)၊ KNDO၊ KNDF…

ငဖဲရှိ အာဏာလုစစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၁၄) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ အရာရှိအပါ ၃ ဦးသေဆုံး

PSM(News) ဧပြီ ၂၃၊ ၂၀၂၆ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အာဏာလုစစ်အုပ်စု ၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်း၍ ယမန်နေ့…

တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ နားလည်မှုစာချွန်လွှာ (၁၂) ခု လက်မှတ်ရေးထိုး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သမ္မတလီဂျယ်မျောင် တိုက်တွန်း

PSM(NEWS) ဧပြီ ၂၃၊၂၀၂၆ တောင်ကိုရီးယားသမ္မတလီဂျယ်မျောင် နှင့် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင် တိုလမ်တို့သည် ဗုဒ္ဓဟူးနေ့က ဟနွိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတင်မကဘဲ စွမ်းအင်လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သမ္မတ လီဂျယ်မျောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲအတွင်း နျူကလီးယားစွမ်းအင်၊ လျှပ်စစ်ဓာတ်အားနှင့် အခြေခံအဆောက်အအုံ…

သမ္မတ ဦးဝင်းမြင့် လွတ်မြောက်မှုကို ကနေဒါကြိုဆို၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်း

PSM(NEWS) ဧပြီ ၂၃၊ ၂၀၂၆ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် အကျဉ်းသား ၄,၅၀ဝ ကျော် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် ကနေဒါနိုင်ငံက ကြိုဆိုလိုက်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန် ကနေဒါနိုင်ငံခြားရေးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ ထို့အပြင် အကြမ်းဖက်မှုများ…

တရုတ်အာကာသစီမံကိန်းအတွက် ပါကစ္စတန်အာကာသယာဉ်မှူး နှစ်ဦးကို လျာထားရွေးချယ်

PSM(NEWS) ဧပြီ ၂၃၊၂၀၂၆ တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသစီမံကိန်းအတွက် ပါကစ္စတန်အာကာသယာဉ်မှူး နှစ်ဦးကို လျာထားရွေးချယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန (CCTV) က ဗုဒ္ဓဟူးနေ့တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။ ရွေးချယ်ခံရသူ နှစ်ဦးစလုံးသည် အာကာသဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ရန် တရုတ်နိုင်ငံသို့ သွားရောက်ကြရမည် ဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးမှာ အာကာသအတွင်း ဝန်ဆောင်မှုပေးရသည့် ကျွမ်းကျင်ပညာရှင် (Payload Specialist)…

အီရန်၏ တိုက်ခိုက်မှုများအပြီး ယူကရိန်း၏ ဒရုန်းရန်ကာကွယ်ရေး နည်းပညာကို အမေရိကန် အသုံးပြုလာဟု သတင်းရင်းမြစ်များ ပြောကြား

PSM(NEWS) ဧပြီ ၂၃၊၂၀၂၆ ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်၏ အဓိက လေတပ်အခြေစိုက်စခန်း တစ်ခုဖြစ်သော Prince Sultan လေတပ်စခန်းတွင် လတ်တလော ရက်သတ္တပတ်များအတွင်း ယူကရိန်း၏ ဒရုန်းရန်ကာကွယ်ရေး နည်းပညာကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ကိစ္စရပ်နှင့် နီးစပ်သူ ၅ ဦးက Reuters သို့ ပြောကြားသည်။ အဆိုပါ စခန်းသည် အမေရိကန် လေယာဉ်များနှင့် အဆောက်အအုံများ ပျက်စီးစေသည့်အပြင်…

ထိုင်ဝမ်သမ္မတ၏ အာဖရိကခရီးစဉ် ပျက်ပြယ်သွားမှုအပေါ် တရုတ်နိုင်ငံက ချီးကျူးဂုဏ်ပြု၊ တိုင်ပေဘက်ကမူ အလျှော့ပေးမည်မဟုတ်ဟု တုံ့ပြန်

PSM(NEWS) ဧပြီ၂၃၊၂၀၂၆ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ၏ လေယာဉ်အား ၎င်းတို့၏ ဝေဟင်ပိုင်နက်အတွင်း ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည့် အာဖရိက သုံးနိုင်ငံ၏ လုပ်ရပ်အပေါ် တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ချီးကျူးစကား ဆိုလိုက်သည်။ အဆိုပါ ပိတ်ပင်မှုကြောင့် သမ္မတ လိုင်ချင်းတယ် ၏ အဲ့စ်ဝါတီးနီ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသော်လည်း ပေကျင်း၏ ဖိအားပေးမှုများကို ကြောက်ရွံ့နောက်တွန့်သွားမည်မဟုတ်ကြောင်း ၎င်းက ကတိပြု…