Month: April 2026

MTC/MDF က လူငယ် ၁၀၀ ကျော်ကို ဘောလုံးပွဲအတွင်း လက်နက်ဖြင့် ဖမ်းဆီးပြီးနောက် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ထုတ်ပြန်

PSM(News) ဧပြီ ၈ ၊ ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မရာဒေသတွင် ဘောလုံးပွဲကြည့်နေသည့် လူငယ် ၁၀၀ ကျော်ကို လက်နက်ဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီးနောက်၊ မရာနယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ယနေ့ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။…

စစ်အုပ်စုက မြေပြင်တွင် မတ်လ တစ်လတည်း၌ပင် အမျိုးသမီး ၉၀ နီးပါးကို သတ်ဖြတ်ခဲ့

PSM(News) ဧပြီ ၈ ၊ ၂၀၂၆ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုယ်ကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် လွှတ်တော်ခေါ်ယူခြင်းနှင့် သမ္မတရွေးချယ်ခြင်းများ ဟန်ပြလုပ်ဆောင်နေသော်လည်း လက်တွေ့မြေပြင် တွင်မူ ပြီးခဲ့သည့် မတ်လတစ်လတည်း၌ပင် အမျိုးသမီး ၈၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ထံမှ သိရသည်။ စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့်…

တောင်ဥက္ကလာတွင် လူငယ်များကို ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ရောင်းစားခြင်းများ ပြုလုပ်နေ

PSM(News) ဧပြီ ၈၊ ၂၀၂၆ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက လမ်းသွားလမ်းလာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး မိသားစုထံမှ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ပြန်လည် ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း Rangoon Scout Network နှင့် ဒေသခံများထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ဗြဟ္မာစိုရ်လမ်းပေါ်၌ ကွမ်းယာထွက်ဝယ်သည့် လူငယ်တစ်ဦးကို ယမန်နေ့…

ရေဖြူတွင် စစ်ကော်မရှင်ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရှင်းလင်း၊ အရာရှိများအပါအဝင် ၅ ဦးထက် မနည်း သေဆုံး

PSM(News) ဧပြီ ၈၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း နှစ် ခုကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရန်လာသည့် စစ်ကြောင်းကိုပါ ထပ်မံတိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် ငါး ဦးထက်မနည်း သေဆုံးကြောင်း လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ (LLSBF) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်…

အီရန်နိုင်ငံ ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်ကြောင်း အမေရိကန် အရာရှိတစ်ဦး ပြောကြား

PSM(NEWS) ဧပြီ ၈၊၂၀၂၆ အီရန်နိုင်ငံ ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Axios သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ သတင်းသည် အမည်မဖော်လိုသည့် အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန် ဒုတိယသမ္မတ…

ကရာဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန် စစ်ဘက်လေယာဉ်များ အကြိမ်ရေအများအပြား ဆင်းတက်နေမှုကြောင့် ဒေသခံများ စိုးရိမ်မကင်းဖြစ်နေ

PSM(NEWS) ဧပြီ ၈ ၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ကရာဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စု စစ်ဘက်လေယာဉ်များ တစ်နေ့လျှင် အကြိမ်ရေဒါဇင်နှင့်ချီ၍ ဆင်းတက်နေသည်ကို တွေ့ရှိရသည့်အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ C-130 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ MV-22 Osprey အမျိုးအစား အင်ဂျင်လှည့်လေယာဉ်များနှင့် H-60 Seahawkအမျိုးအစား…

အီရန်နှင့် သဘောတူညီချက်မရပါက ယနေ့ညတွင် ယဉ်ကျေးမှု နယ်ပယ်တစ်ခုလုံး ပျက်သုဉ်းသွားနိုင်ကြောင်း ဒေါ်နယ်ထရမ့် သတိပေး

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အင်္ဂါနေ့ အမေရိကန် အရှေ့ဘက်စံတော်ချိန် ၈နာရီ (-4GMT) တွင် သတ်မှတ်ထားသည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး နောက်ဆုံး ရာဇသံကို အီရန်ဘက်က လိုက်နာခြင်းမရှိပါက အီရန်ရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဒေါ်နယ်ထရမ့်က “ယနေ့ညမှာ ယဉ်ကျေးမှုနယ်ပယ်တစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်”ဟု သတိပေး ပြောကြားခဲ့သော်လည်း…

အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်ကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် ဒေါ်နယ်ထရမ့် သဘောတူညီ

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်ရန် သတ်မှတ်ထားသည့် အချိန်ကာလမတိုင်မီ နှစ်နာရီအလိုတွင် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် အင်္ဂါနေ့က သဘောတူညီခဲ့သည်။ သို့သော် အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ကို “ချက်ချင်း၊ ဘေးကင်းလုံခြုံစွာနှင့် အပြည့်အဝ” ပြန်လည်ဖွင့်လှစ်ပေးရန် ဟူသော အချက်အပေါ်တွင် မူတည်ကြောင်း သမ္မတက ပြောကြားခဲ့သည်။…

ရုရှားက အီရန်သို့ ဆိုက်ဘာနည်းပညာနှင့် ဂြိုဟ်တုထောက်လှမ်းရေး အချက်အလက်များ ပံ့ပိုးပေးနေကြောင်း ယူကရိန်းပြောကြား

PSM(NEWS) ဧပြီ ၈၊ ၂၀၂၆ ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးကြီးနေရာများကို ဒါဇင်နှင့်ချီ၍ အသေးစိတ်ဓာတ်ပုံရိုက်ကူး ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ အဆိုပါအချက်အလက်များကို အသုံးပြု၍ အီရန်က အမေရိကန်တပ်ဖွဲ့များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရန် ကူညီပေးခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေး၏ အကဲဖြတ်ချက်အရ သိရသည်။ အဆိုပါအစီရင်ခံစာတွင် ရုရှားနှင့် အီရန်နိုင်ငံမှ ဟက်ကာ များသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း…