international news အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ဟု ရုရှားပြစ်တင် March 2, 2026 Htet Ko PSM(NEWS) မတ်၂၊၂၀၂၆ အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ၂၈ရက် နံနက်ပိုင်းတွင် အီရန်နိုင်ငံအတွင်းသို့လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို စိန်ခေါ်သည့် အကြောင်းမဲ့ ကျူးကျော်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကိုတိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ အီရန်နိုင်ငံနှင့်…
international news အရှေ့အလယ်ပိုင်းအခြေအနေ ဆိုးရွားတင်းမာမှုကြောင့် စစ်ရေးရပ်တန့်ရေး ချက်ချင်းလိုအပ်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် တောင်းဆို March 2, 2026 Htet Ko PSM (NEWS) မတ် ၂၊ ၂၀၂၆ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မနေ့က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ ၁၀၁၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အရှေ့အလယ်ပိုင်းဒေသအခြေအနေ ဆိုးရွားတင်းမာနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ပြင်းထန်သည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်နေကြောင်း သတိပေးပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို၊ ထို့နောက်…
international news ရုရှား၏ လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောကို ဘယ်လ်ဂျီယံ ဖမ်းဆီး March 2, 2026 Htet Ko PSM(NEWS) မတ် ၁၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရုရှားက အသုံးပြုနေသည့် လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသည့် သင်္ဘောအုပ်စုမှ ရေနံတင်သင်္ဘောတစ်စင်းကို ဘယ်လ်ဂျီယံအထူးတပ်ဖွဲ့များက ညတွင်းချင်း စစ်ဆင်ရေးတစ်ခုဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးရမိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဘယ်လ်ဂျီယံအစိုးရက လျှို့ဝှက်ရေနံမှောင်ခို သယ်ယူနေသော သင်္ဘောတစ်စင်းကို မြောက်ပင်လယ်ပြင်တွင် ပြင်သစ်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်များ၏ လေကြောင်းပံ့ပိုးမှုဖြင့်…
international news အမေရိကန်စစ်တပ်က အီရန်စစ်သင်္ဘောကို နစ်မြုပ်ခဲ့ကြောင်း ပြောကြား March 2, 2026 Htet Ko PSM(NEWS) မတ်၂၊ ၂၀၂၆ အမေရိကန်စစ်တပ်သည် တနင်္ဂနွေနေ့က အီရန်စစ်သင်္ဘောတစ်စီးကို နစ်မြုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အပါအဝင် အီရန်တပ်ဖွဲ့ဝင်များကို လက်နက်ချကာ ၎င်းတို့၏ စခန်းများကို စွန့်ခွာသွားရန် တိုက်တွန်းခဲ့သည်။ အီရန်အပေါ် လက်ရှိပြုလုပ်နေသော အမေရိကန်၏ တိုက်ခိုက်မှုများကို ကြီးကြပ်နေသည့် အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ချာဘာဟာ (Chah Bahar) ကမ်းစပ်ရှိ…
international news ခါမေနီ ကွယ်လွန်ပြီးနောက် အီရန်အာဏာချိန်ခွင်လျှာတွင် လာရီဂျာနီ အဓိကဖြစ်လာ March 2, 2026 Htet Ko PSM (NEWS) မတ်လ ၂၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ သည် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီးနောက် ယာယီဦးဆောင်မှုကောင်စီတစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမား အလီ လာရီဂျာနီ က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ လာရီဂျာနီသည် ပြီးခဲ့သည့်နှစ်အတွင်း အီရန်လုံခြုံရေးယန္တရား၏ သြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် ပြန်လည်ထင်ရှားလာသူဖြစ်သည်။ ၎င်းသည် နျူကလီးယားညှိနှိုင်းမှုများမှစ၍ ဒေသတွင်းဆက်ဆံရေးနှင့်…
international news အစ္စရေး၏ တိုက်ခိုက်မှုများတွင် အီရန်ကာကွယ်ရေးဝန်ကြီးနှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူးများ သေဆုံးဖွယ်ရှိ March 1, 2026 Htet Ko PSM(NEWS) မတ် ၁၊ ၂၀၂၆ အစ္စရေးနိုင်ငံက အီရန်နိုင်ငံအတွင်းသို့ စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် အီရန်ကာကွယ်ရေးဝန်ကြီး အမီးယာ နာဆာဇာဒေ နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူး မိုဟာမက်ပါပူးတို့ သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း အစ္စရေး၏ စစ်ရေးစစ်ဆင်မှုများကို အတွင်းသိရှိသည့် သတင်းရင်းမြစ်နှစ်ခုနှင့် ဒေသတွင်း အကဲခတ်တစ်ဦးက ဖေဖော်ဝါရီ၂၈ရက်တွင် ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ပြီး…
international news အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူမည် March 1, 2026 Htet Ko PSM(NEWS) မတ် ၁၊ ၂၀၂၆ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများနှင့် ယပတ်သက်၍အရေးပေါ်အစည်းအဝေးတစ်ခုကိုအချိန်ဇယားဆွသတ်မှတ်ထားသည်။ အစ္စရေး၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ပြောကြားချက်အရ၊ အဆိုပါ အစည်းအဝေးကို ဘာရိန်းနှင့် ပြင်သစ်တို့၏ တောင်းဆိုချက်အရ အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီ (GMT အချိန် ၀၁:၀၀ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။ အစ္စရေး၏ ကုလသမဂ္ဂဆိုင်ရာ…
international news အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ သေဆုံးကြောင်း ဒေါ်နယ်ထရမ့် အတည်ပြု March 1, 2026 Htet Ko PSM(NEWS) မတ် ၁၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်ကြီး အာယာတိုလာအလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာနှင့် အစိုးရပစ်မှတ်များကို ဦးတည်ခဲ့ပြီး ခါမေနီ၏ အိမ်တော်ကိုပါပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။…
international news အီရန်၏ ယူရေနီယံ သန့်စင်မှု လုပ်ငန်းစဉ်များကို စစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အခက်အခဲရှိနေ February 28, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများတွင် ယူရေနီယံ သန့်စင်မှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခြင်းရှိ၊မရှိနှင့် သိုလှောင်ထားသည့် ယူရေနီယံ ပမာဏကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အနေဖြင့် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အီရန်နှင့် အမေရိကန်တို့ ၁၂ရက်ကြာ စစ်ပွဲအတွင်း ဗုံးကြဲခံခဲ့ရသည့် နျူကလီးယားစက်ရုံများကို IAEA စစ်ဆေးရေးမှူးများအား ဝင်ရောက်ခွင့် မပေးခြင်းကြောင့်…
international news အမေရိကန်အစိုးရက နိုင်ငံတွင်း ဝင်ရောက်ခွင့်ရပြီးသား ဒုက္ခသည်များကို ဖမ်းဆီးစစ်ဆေးနေ February 28, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် နိုင်ငံတွင်းသို့ တရားဝင် အခြေချခွင့် ရရှိပြီးသားဒုက္ခသည်များကို ပြန်လည်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် မေးခွန်းထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ဝင်ရောက်လာခဲ့သည့် ဒုက္ခသည် ၅,၆၀၀ ခန့်ကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ပြီး၊ အဆိုပါသူများသည် အမြဲတမ်းနေထိုင်ခွင့် (Green Card)မရရှိသေးသဖြင့်ဖမ်းဆီးခံရနိုင်ခြေ ပိုမိုမြင့်မားနေသည်။…