PSM(NEWS) မတ် ၁၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်ကြီး အာယာတိုလာအလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း တရားဝင် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာနှင့် အစိုးရပစ်မှတ်များကို ဦးတည်ခဲ့ပြီး ခါမေနီ၏ အိမ်တော်ကိုပါပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများတွင် စစ်လေယာဉ်ပေါင်း ၂၀၀ ခန့်ပါဝင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ တိုက်ခိုက်မှုများကြောင့် အီရန်ပြည်သူများ ရာနှင့်ချီ၍ သေဆုံးခဲ့ကြောင်းသတင်းများအရ သိရသည်။ အီရန်နိုင်ငံတောင်ပိုင်းရှိ မိန်းကလေးငယ်များ မူလတန်းကျောင်းတစ်ကျောင်းသို့ ကျရောက်ခဲ့သော ဗုံးများကြောင့် အနည်းဆုံးကလေးငယ် ၁၀၈ ဦး အပါအဝင် လူပေါင်း ၂၀၁ဦးခန့်သေဆုံးခဲ့ကြောင်း အီရန်ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။ အီရန်စစ်တပ်များသည် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်စခန်းများအားဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဒူဘိုင်းမြို့ရှိ ကျော်ကြားသောဟိုတယ်နှစ်ခုလည်း ထိမှန်ခဲ့သည်။ ကုလသမဂ္ဂ၏ အရေးပေါ်အစည်းအဝေးကို တောင်းဆိုထားပြီး၊ ကမ္ဘာ့ခေါင်းဆောင်များက တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ : အာယာတိုလာ အလီ ခါမေနီ သေဆုံးခြင်းသည် အီရန်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်သည့် အချုပ်အခြာအာဏာဆိုင်ရာအဓိက ပြဿနာရပ်တစ်ခု ဖြစ်လာနိုင်ပြီး၊အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ ကိုးကား The Independent #PSM_News #အမေရိကန်_အစ္စရေး #လေကြောင်းတိုက်ခိုက် #သေဆုံး #အာယာတိုလာအလီခါမေနီ #အီရန် Post navigation အီရန်၏ ယူရေနီယံ သန့်စင်မှု လုပ်ငန်းစဉ်များကို စစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အခက်အခဲရှိနေ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူမည်