Category: international news

ဆော်ဒီအာရေဗျ၏ လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဟု အစိုးရအဖွဲ့ ထုတ်ပြန်

PSM(NEWS) မတ် ၄ ၊ ၂၀၂၆ ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် ပိုင်နက်နယ်မြေ၊ နိုင်ငံသားများနှင့် နေထိုင်သူများကို စောင့်ရှောက်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆော်ဒီအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အီရန်ဘက်မှလည်း အမေရိကန်…

အီကွေဒေါနှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးများ ဆောင်ရွက်

PSM(NEWS) မတ် ၄၊ ၂၀၂၆ အီကွေဒေါနိုင်ငံအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုကို တိုက်ဖျက်ရန်အတွက် အီကွေဒေါနှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စစ်ဆင်ရေးများ စတင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (U.S. Southern Command) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန် စစ်ဘက်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် တောင်အမေရိက၊ အလယ်ပိုင်းအမေရိကနှင့်…

မြေထဲပင်လယ်အတွင်း ရုရှားမှောင်ခိုရေနံတင်သင်္ဘော ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်မှုဖြစ်ပွား

PSM(NEWS) မတ် ၄၊ ၂၀၂၆ မြေထဲပင်လယ်အတွင်း မော်လ်တာကျွန်း သို့မဟုတ် လစ်ဗျားကမ်းရိုးတန်းအနီးတွင်ရုရှားအလံလွှင့်ထူထားသော “Arctic Metagaz” အမည်ရှိသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောတစ်စင်း တနင်္လာနေ့အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် ရုရှားအသုံးပြုနေသည့် “မှောင်ခိုသင်္ဘောအုပ်စု” တွင် ပါဝင်သည်ဟု ယူဆရသည်။ ယူကရိန်းရေတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မီးလောင်ရခြင်းဖြစ်နိုင်သည်ဟု…

ခိုလှုံခွင့်စနစ်အား အလွဲသုံးစားပြုမှုကြောင့် မြန်မာအပါအဝင် နိုင်ငံလေးခုမှ ကျောင်းသားဗီဇာများကို ယူကေရပ်ဆိုင်း

PSM(NEWS) မတ် ၄ ၊ ၂၀၂၆ ယူကေနိုင်ငံ၏ ခိုလှုံခွင့်စနစ်ကို အလွဲသုံးစားပြုနေသည်ဟုဆိုကာ နိုင်ငံလေးခုမှ နိုင်ငံသားအချို့အတွက် ဗီဇာထုတ်ပေးခြင်းကို ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် က ကြေညာလိုက်သည်။ အာဖဂန်နစ္စတန် ၊ ကင်မရွန်း၊ မြန်မာ နှင့် ဆူဒန်နိုင်ငံတို့မှလာရောက်မည့်သူများအတွက် ပညာသင်ကြားရေးဗီဇာ (Study Visas) များကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံသားများအတွက်မူ အလုပ်ဗီဇာ(WorkVisas)များကိုပါ…

အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုကြောင့် တရုတ်နှင့် ဆက်ဆံရေး တင်းမာလာ

PSM(NEWS) မတ် ၄၊ ၂၀၂၆ အီရန်နိုင်ငံအပေါ်အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာထပ်မံတင်းမာလာကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အီရန်၏ အဓိကဘာသာရေးခေါင်းဆောင်အယာတိုလာအလီခါမေနီသေဆုံးခဲ့ရမှုကိုတရုတ်အစိုးရက ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး ၎င်းသည်အခြားနိုင်ငံတစ်ခု၏အချုပ်အခြာအာဏာကိုထိပါးကာအစိုးရအပြောင်းအလဲလုပ်ရန်ဗြောင်ကျကျကြိုးပမ်းမှုဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က စွပ်စွဲပြောကြားခဲ့သည်။ ဤဖြစ်ရပ်သည် ပြီးခဲ့သည့် နှစ်လအတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ဖမ်းဆီးခံရမှုနှင့် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် တရုတ်၏…

မဟာမိတ်များကို ကာကွယ်ရန် ပြင်သစ်အသင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

PSM (NEWS) မတ် ၄၊ ၂၀၂၆ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများ အပြီးတွင် မဟာမိတ်နိုင်ငံများက အကူအညီ တောင်းခံလာပါက ကာကွယ်ပေးရန် ပြင်သစ်နိုင်ငံမှာ အသင့်ရှိနေကြောင်းနှင့် ကြားဝင် ဆောင်ရွက်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းထားကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနိုရယ်ဘာရော့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ဒီစစ်ပွဲဟာ ကျွန်တော်တို့နဲ့ ဆက်ဆံရေးရှိတဲ့၊ ကာကွယ်ရေး သဘောတူညီချက်တွေရှိတဲ့၊ စစ်အခြေစိုက်စခန်းတွေ အပါအဝင် အကျိုးစီးပွားတွေရှိတဲ့ ဒေသတွင်း…

အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ နောက်ပိုင်း စွမ်းအင်ဖူလုံရေးအတွက်ဆောင်ရွက်သွားမည်ဟု တရုတ် ကတိပြု

PSM(NEWS) မတ် ၄၊ ၂၀၂၆ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့ရှိ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုအပေါ် သက်ရောက်နိုင်ခြေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ၎င်း၏ စွမ်းအင်ဖူလုံရေးကို အာမခံနိုင်ရန် လိုအပ်သည့် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “စွမ်းအင်ဖူလုံရေးဟာ ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးကြီးပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ တည်ငြိမ်ချောမွေ့တဲ့ စွမ်းအင်ထောက်ပံ့မှုဖြစ်အောင် အာမခံပေးသင့်ပါတယ်”ဟု…

အီရန်စစ်ပွဲအရှိန်အဟုန်မြင့်တက်၊ အရှေ့အလယ်ပိုင်းတစ်ခွင် ပျံ့နှံ့

PSM၊(NEWS) မတ် ၃၊ ၂၀၂၆ အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် စစ်ဆင်ရေးသည် တနင်္လာနေ့တွင် အရှိန်အဟုန် မြင့်တက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က စစ်ပွဲအတွင်း ပါဝင်လာသကဲ့သို့၊ ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းလည်း ပစ်မှတ်ထား ခံခဲ့ရသည်။ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရပြီးနောက် သုံးရက်မြောက်နေ့တွင် တီဟီရန်မြို့သည် ဆက်လက်တိုက်ခိုက်ခံနေရပြီး အိုမန်ကမ်းလွန်တွင် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့်…

အီရန်ခေါင်းဆောင် သေဆုံးပြီးနောက် ဂျာမန်ဝန်ကြီးချုပ် ဝါရှင်တန်သို့သွားရောက်၊ ထရမ့်နှင့် တွေ့ဆုံရန် ပြင်ဆင်

PSM(NEWS) မတ် ၃၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင် အလီခါမေနီသေဆုံးခဲ့သည့် အမေရိကန်အစ္စရေးတို့၏ ပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုအပြီးတွင်၊ ဂျာမန်ဝန်ကြီးချုပ်ဖရက်ဒရစ်မားဇ်သည် အင်္ဂါနေ့၌ ဝါရှင်တန်မြို့သို့ သွားရောက်၍ သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ဤစစ်ဆင်ရေးသည် ကမ္ဘာ့ရေနံ ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားရုံသာမက ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကိုလည်း အကြီးအကျယ် ဖရိုဖရဲဖြစ်စေခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ်မားဇ်သည် စစ်ဆင်ရေးကို ဝေဖန်ခြင်းမပြုသကဲ့သို့ တရားဝင်ထောက်ခံခြင်းလည်း မရှိဘဲ၊…

နာတာဇ် နျူကလီးယားစခန်းအား အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

PSM(NEWS) ​မတ်လ ၃၊ ၂၀၂၆ ​အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများအတွင်း အီရန်နိုင်ငံ၏ ကျယ်ပြန့်သော နာတာဇ် နျူကလီးယားစခန်း တိုက်ခိုက်ခံခဲ့ရကြောင်း ကုလသမဂ္ဂနျူကလီးယားကြီးကြပ်ရေးအဖွဲ့ဆိုင်ရာ အီရန်သံအမတ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ​”သူတို့က မနေ့က အီရန်ရဲ့ ငြိမ်းချမ်းတဲ့၊ လုံခြုံရေးအာမခံချက်ရှိတဲ့ နျူကလီးယားစခန်းတွေကို ထပ်ပြီး တိုက်ခိုက်ခဲ့ကြတယ်” ဟု ရီဇာ နာဂျာဖီ က အပြည်ပြည်ဆိုင်ရာ…