PSM(NEWS) မတ် ၁၊ ၂၀၂၆ အစ္စရေးနိုင်ငံက အီရန်နိုင်ငံအတွင်းသို့ စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် အီရန်ကာကွယ်ရေးဝန်ကြီး အမီးယာ နာဆာဇာဒေ နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူး မိုဟာမက်ပါပူးတို့ သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း အစ္စရေး၏ စစ်ရေးစစ်ဆင်မှုများကို အတွင်းသိရှိသည့် သတင်းရင်းမြစ်နှစ်ခုနှင့် ဒေသတွင်း အကဲခတ်တစ်ဦးက ဖေဖော်ဝါရီ၂၈ရက်တွင် ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ပြီး အစ္စရေးအစိုးရကလည်း လုံခြုံရေးအရ စာသင်ကျောင်းများ ပိတ်ကာလူစုလူဝေးများကို ပိတ်ပင်ခဲ့သည်။ အီရန်ဘက်မှ တုံ့ပြန်သည့်အနေဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်နေပြီဟု သတင်းများက ဖော်ပြသည်။ တိုက်ခိုက်မှုများ မပြုလုပ်မီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ကို တိုက်ခိုက်ခြင်းမှာ အန္တရာယ်ကြီးမားကြောင်း သတိပေးချက်များ လက်ခံရရှိခဲ့သည်။ သို့သော်လည်း အမေရိကန်အရာရှိတစ်ဦး၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် မျိုးဆက်သစ် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်းကိုလည်း သိရှိခဲ့ရသည်။ အီရန်ခေါင်းဆောင်ကြီးခါမေနီက မိန့်ခွန်းပြောကြားရန် ပြင်ဆင်နေကြောင်းနှင့်အီရန်ဝန်ကြီးတစ်ဦးကလည်း “တပ်မှူးအချို့ကျဆုံးခဲ့နိုင်သည်” ဟု ဝန်ခံပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ကိုးကား Reuters #အစ္စရေးတိုက်ခိုက်မှု #ကာကွယ်ရေးဝန်ကြီး #သေဆုံးဖွယ်ရှိ #PSM_News Post navigation အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူမည် ခါမေနီ ကွယ်လွန်ပြီးနောက် အီရန်အာဏာချိန်ခွင်လျှာတွင် လာရီဂျာနီ အဓိကဖြစ်လာ