international news အီရန်တွင် ဆန္ဒပြမှုများနှင့်ပတ်သက်၍ သေဒဏ်ပေးမှုများ တိုးလာနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ သတိပေး February 28, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အီရန်နိုင်ငံတွင် ဇန်နဝါရီလကဖြစ်ပွားခဲ့သော လူထုဆန္ဒပြမှုများနှင့်ဆက်စပ်ပြီးပထမဆုံးအကြိမ်အဖြစ် သေဒဏ်ချမှတ်ခဲ့ပြီးနောက်၊ နောက်ထပ်လူဒါဇင်နှင့်ချီ၍သေဒဏ်ပေးခံရမည့်အန္တရာယ်ရှိနေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗိုကာတာ့ခ်က သတိပေးလိုက်သည်။ ဂျီနီဗာမြို့ရှိကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ပြောကြားသောမိန့်ခွန်း၌ ၎င်းက အီရန်တွင်သေဒဏ်ပေးမှုများကိုချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ “ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အနည်းဆုံး လူရှစ်ယောက်၊အဲဒီထဲမှာကလေးနှစ်ယောက်လည်းပါဝင်ပါတယ်၊သူတို့ကိုသေဒဏ်ချမှတ်ထားတယ်ဆိုတဲ့သတင်းတွေကြောင့်ကျွန်တော် ထိတ်လန့်မိပါတယ်” ဟု တာ့ခ် က ပြောကြားခဲ့ပြီး၊ အခြားလူ ၃၀ ခန့်မှာလည်း သေဒဏ်ချမှတ်ခံရမည့်အန္တရာယ်ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ တဟီရန်မြို့ရှိတော်လှန်ရေးတရားရုံးတစ်ခုမှ “ဘုရားသခင်ကိုရန်မူခြင်း”စွဲချက်ဖြင့်အီရန်အမျိုးသားတစ်ဦးကိုသေဒဏ်ချမှတ်ခဲ့ကြောင်း၊ယင်းပြစ်ဒဏ်ကိုအတည်ပြုပါကယခုနှစ်ဆန်းပိုင်းတွင်…
international news ဂျာမနီလွှတ်တော်က တိုက်ခိုက်ရေးဒရုန်းဝယ်ယူမည့် သဘောတူညီချက်ကို အတည်ပြု February 27, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ ဂျာမနီလွှတ်တော်အမတ်များသည် နိုင်ငံ၏ စစ်တပ်တွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ရန်အစီအစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်က ထောက်ခံအတည်ပြုလိုက်ပြီး ဂျာမနီကာကွယ်ရေးနည်းပညာ ကုမ္ပဏီသစ်နှစ်ခုနှင့် စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့သည်။ မြူးနစ်အခြေစိုက် Helsing ကုမ္ပဏီနှင့် ဘာလင်အခြေစိုက် Stark Defence ကုမ္ပဏီတို့နှင့် ချုပ်ဆိုသည့် အဆိုပါစာချုပ်များသည် စုစုပေါင်းတန်ဖိုး ယူရို ၅၃၆…
international news ဗြိတိန်၌ ၂၀၂၅ ခုနှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားသူ ၁ သိန်းကျော် ရှိ February 27, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ ပြီးခဲ့သည့် ၂၀၂၅ခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသူပေါင်း ၁ သိန်းကျော်ရှိခဲ့ကြောင်း၊ယင်းမှာ ယခင်နှစ်ထက် အနည်းငယ်လျော့နည်းသွားသော်လည်း ကိုဗစ်ကပ်ရောဂါမတိုင်မီကထက် သိသိသာသာ မြင့်မားနေဆဲဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြနေသည်။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော အစိုးရကိန်းဂဏန်းများအရ ၂၀၂၅ခုနှစ်တွင် ခိုလှုံခွင့်လျှောက်ထားသူ ၁၀၀,၆၂၅ ဦးရှိခဲ့ပြီး ၎င်းမှာ ၂၀၂၄ခုနှစ်ထက် ၄ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။…
international news ၂၀၂၅ ခုနှစ်အတွင်း ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းများပေါ်၌ သေဆုံးသူ ၈,၀၀၀ နီးပါးရှိခဲ့သော်လည်း အစစ်အမှန် ကိန်းဂဏန်းမှာ ယခုထက်များစွာ ပိုမိုနိုင်ကြောင်း IOM ပြောကြား February 27, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းများပေါ်တွင် လူပေါင်း ၈,၀၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများအဖွဲ့ (IOM) က ထုတ်ပြန်သည်။ IOM၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ အေမီပုပ် က ဤသို့ အသက်ဆုံးရှုံးနေရခြင်းမှာ လက်ခံနိုင်စရာမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကျရှုံးမှုဖြစ်ကြောင်း…
international news မက္ကဆီကိုသမ္မတအားမူးယစ်ဂိုဏ်းများက ထိန်းချုပ်ထားသည်ဟု အီလွန်မတ်စ်၏ စွပ်စွဲချက်အပေါ် သမ္မတက တရားစွဲဆိုရန် ခြိမ်းခြောက် February 26, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း ကသူမအားမူးယစ်ဂိုဏ်းများကထိန်းချုပ်ထားသည်ဟု စွပ်စွဲခဲ့သည့် အီလွန်မတ်စ် ကို ဥပဒေကြောင်းအရအရေးယူရန်စဉ်းစားနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အီလွန်မတ်စ်က ၎င်းX လူမှုကွန်ရက်တွင် မက္ကဆီကိုသမ္မတသည်မူးယစ်ဂိုဏ်းခေါင်းဆောင်များခိုင်းသည့်အတိုင်းပြောဆိုနေခြင်းဖြစ်သည်ဟု “အခြေအမြစ်မရှိ”စွပ်စွဲခဲ့သည်။ မက္ကဆီကို စစ်တပ်က နာမည်ကျော် CJNG မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချို ) ကို သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ယခုလို စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။…
international news ယူကရိန်းစစ်ပွဲ ၄ နှစ်ပြည့်ကာလအတွင်း ရုရှား၏ နျူကလီးယား စွပ်စွဲချက်ကို ဗြိတိန်ပယ်ချ February 26, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ ရုရှား၏ ကျူးကျော်စစ် ၄နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်ကာလတွင် ယူကရိန်းအား နျူကလီးယား လက်နက်ထောက်ပံ့နေသည် ဟူသော ရုရှား၏ စွပ်စွဲချက်များကြောင့် နိုင်ငံတကာတင်းမာမှုများ မြင့်တက်လာခဲ့သည်။ ယူကရိန်းနိုင်ငံသည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့၏ အကူအညီဖြင့် နျူကလီးယားလက်နက်အစိတ်အပိုင်းများနှင့် နည်းပညာများ ရရှိရန် လျှို့ဝှက်ကြိုးပမ်းနေသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့(SVR)က သက်သေအထောက်အထားမပါဘဲ စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲချက်အပေါ်ဗြိတိန်အစိုးရကပြင်းထန်စွာတုံ့ပြန်ခဲ့ပြီး၊၎င်းသည် သမ္မတဗလာဒီမီယာပူတင်က…
international news နိုင်ငံပေါင်း ၄၂ နိုင်ငံကို တိုက်ခိုက်နေသည့် တရုတ်ဟက်ကာအဖွဲ့အား Google ဟန့်တားလိုက်နိုင် February 26, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ဂူဂဲလ် ကုမ္ပဏီသည် နိုင်ငံပေါင်း ၄၂ နိုင်ငံရှိ အဖွဲ့အစည်း၅၃ခုကိုထိုးဖောက်တိုက်ခိုက်ခဲ့သည့် “UNC2814” (သို့မဟုတ်) “Gallium” အမည်ရှိ တရုတ်အခြေစိုက်ဟက်ကာအဖွဲ့၏ လုပ်ဆောင်ချက်များကို ဖြတ်တောက်ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့သည် အစိုးရဌာနများနှင့် ဆက်သွယ်ရေးကုမ္ပဏီများကို ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် ပစ်မှတ်ထား ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စစ်ဆေးတွေ့ရှိမှုမှ ရှောင်လွှဲနိုင်ရန် Google Sheets ကို…
international news ခေတ်သစ်ခြိမ်းခြောက်မှုများ ရင်ဆိုင်ရေးအတွက် ထိုင်း–အမေရိကန် ပူးတွဲ (၄၅) ကြိမ်မြောက် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှု စတင် February 25, 2026 Htet Ko PSM (NEWS) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ အရှေ့တောင်အာရှဒေသတွင် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် Cobra Gold 2026 နိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့က ပူးတွဲ တရားဝင် စတင်လိုက်ပြီဖြစ်သည်။ (၄၅) ကြိမ်မြောက်အဖြစ် ကျင်းပသည့် ယခုနှစ် လေ့ကျင့်မှုကို အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၊ Rayong Province တွင်…
international news ထိုင်းနိုင်ငံ၊ စူရင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ခဲယမ်းတိုက် ပေါက်ကွဲမီးလောင်မှုဖြစ်ပွား February 25, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ စူရင်ပြည်နယ်၊ မောင်းခရိုင်ရှိ အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၇နာရီခွဲခန့်က ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က ထုတ်ပြန်သည်။ ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်းထိုင်ဆုဝရီ၏ပြောကြားချက်အရ အမှတ် (၂) စစ်တိုင်းဌာနချုပ်က အဆိုပါ ခဲယမ်းတိုက် မီးလောင်မှုကို ဌာနချုပ်သို့…
international news ဒူတာတေးသည်လူသတ်မှုပေါင်းများစွာတွင် ‘အဓိကလက်သည်’ ဖြစ်သည်ဟု ICC အမှုလိုက်ရှေ့နေများ ပြောကြား February 24, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည်၎င်း၏အုပ်ချုပ်မှုသက်တမ်းအတွင်း လူပေါင်းထောင်ချီ သတ်ဖြတ်ခံရမှုတွင် “အဓိကကျသူ” ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)မှအမှုလိုက်ရှေ့နေများကတနင်္လာနေ့တွင်ပြောကြားလိုက်ပြီး၎င်းကိုတရားစွဲဆိုရန်တွန်းအားပေးခဲ့ကြသည်။ သည်ဟိဂ်အခြေစိုက်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးမှအမှုလိုက်ရှေ့နေများသည်ရိုဒရီဂိုဒူတာတေးအားလူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် လူသတ်မှု ၃ မှုဖြင့်စွဲချက်တင်ထားသည်။ ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း သတ်ဖြတ်ခံရသူ အရေအတွက်မှာတရားဝင်ဖော်ပြထားသည်ထက်များစွာပိုမိုနိုင်ကြောင်းစွပ်စွဲသူများက ဆိုသည်။ “ဒူတာတေးရဲ့မူးယစ်ဆေးဝါးစစ်ဆင်ရေးလို့ ခေါ်တဲ့ လုပ်ရပ်ကြောင့် အရပ်သား…