PSM(NEWS)

မတ်၂၊ ၂၀၂၆

အမေရိကန်စစ်တပ်သည် တနင်္ဂနွေနေ့က အီရန်စစ်သင်္ဘောတစ်စီးကို နစ်မြုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အပါအဝင် အီရန်တပ်ဖွဲ့ဝင်များကို လက်နက်ချကာ ၎င်းတို့၏ စခန်းများကို စွန့်ခွာသွားရန် တိုက်တွန်းခဲ့သည်။

အီရန်အပေါ် လက်ရှိပြုလုပ်နေသော အမေရိကန်၏ တိုက်ခိုက်မှုများကို ကြီးကြပ်နေသည့် အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ချာဘာဟာ (Chah Bahar) ကမ်းစပ်ရှိ အိုမန်ပင်လယ်ကွေ့တွင် အီရန်ဂျာမာရန်(Jamaran) အမျိုးအစား ကော်ဗက် (corvette) စစ်သင်္ဘောတစ်စီးကို နစ်မြုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“သမ္မတပြောခဲ့သလိုပဲ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ‘လက်နက်ချရမယ်’၊ သင်္ဘောကိုစွန့်ခွာကြပါ” ဟု ဗဟိုကွပ်ကဲမှုဌာနချုပ်က X တွင် တင်ခဲ့သည့် ပို့စ်တစ်ခုတွင် ဖော်ပြထားပြီး စနေနေ့က သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များကို ကိုးကားခဲ့သည်။

ကိုးကား Reuters

#PSM_News

#အီရန်

#ဒေါ်နယ်ထရမ့်

#စစ်သင်္ဘောတစ်စီး

#နစ်မြုပ်

#လက်နက်ချ

By Htet Ko